၂၀၂၃ မတ် ၂၈
ယနေ့ နံနက် ၁၀ နာရီ ၂၀ မီးနစ် အချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသားမှန်/အလူမီနီယံဆိုင်ရှေ့တွင် ယာဉ် ထိန်းရဲတပ်ဖွဲမှ တပ်ကြပ်ကြီး တင်မင်း ပါ (၃)ဉီးမှ ယာဉ်လမ်းကြောရှင်းလင်းရေးများ ဆောင်ရွက်နေစဉ် တာမွေဂုံးကျော်တံတားပေါ်မှနေ၍ စိစစ်ဆဲမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲတပ်သား ဆုစန္ဒီစိုး(မ) ၌ ဝဲပုခုံး ညှပ်ရိုးအနီး၌ ထိမှန်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဆုစန္ဒီစိုးအား ရွှေဂုံတိုင်အထူးကုဆေးရုံသို ကနဉီး ပိုဆောင် ကုသပေးခဲ့ကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအား ပူးပေါင်းအဖွဲဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။