တိုက်အလုံးရေ ၁၉၀ ကျော် ပါဝင်သည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ အခန်းများပြီးစီးမှုအလိုက် ငှားရမ်းခွင့်ပြု ပေးနေ 

ရန်ကုန်၊ အောက်တိုဘာ ၂၃
    ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂) လမ်းမကြီးအနီးနှင့် မြို့ပတ်လမ်းတွင် တည်ဆောက်လျက်ရှိသော သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသည် စုစုပေါင်းတိုက် ၁၉၄ လုံးပါဝင်ပြီး ပြီးစီးမှုအလိုက် အခန်းများငှားရမ်းခွင့် ပြုပေးလျက်ရှိနေကြောင်း သိရ သည်။
    သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ ပထမအဆင့် တိုက် ၇၃ လုံး၊ ဒုတိ ယအဆင့် တိုက်အလုံး ၅၀ တို့ကို နေရာချထားပေးခဲ့ပြီး တတိယအဆင့် တိုက် ၇၁ လုံး လျာထားခဲ့ရာ ပြီးစီးမှုအရ အဆင့်ဆင့်နေရာ ချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အသိပေးထုတ်ပြန် ထားသည်။
    တတိယအဆင့်အတွက် တင်ပြလာသော လျှောက်လွှာများအနက် အချက်အလက် ကိုက်ညီသူများနှင့် ယခင်မဲနှိုက်ခွင့်ရရှိပြီး မဲမပေါက်သူများ စုစုပေါင်း တစ်သောင်းကျော်ကို အုပ်စုများခွဲပြီး အုပ်စုအလိုက် မဲနှိုက်ခွင့်ရရှိမည့် တိုက်များကို သုခဒဂုံပြည်သူ့အငှား အိမ်ရာ၊ အိမ်ခန်းနေရာအ ငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိသည်။
    ထို့အပြင် အုပ်စုနှင့် တိုက်များအလိုက်ခွဲဝေပြီး ပြီးစီးသည့်တိုက် ၄၃ လုံးနှင့် စည်းကမ်းပျက်၍  သိမ်းဆည်းထားသည့်အ ခန်းများနှင့်အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး မဲနှိုက်ခွင့် ရရှိပြီးဖြစ်သော်လည်း မိမိတို့ ရရှိမည့်တိုက်များမှာ မပြီးစီးသေးပါက ပြီးစီးသည့်အချိန်တွင် မဲနှိုက်ရန် အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထား သည်။
    သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ တိုက်ခန်းများဝင်ငွေနည်းပြီး အမှန်တကယ် နေရေးအခက်အခဲရှိသော ပြည်သူ၊ အငြိမ်းစားဝန်ထမ်းနှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများကို ငါးနှစ်သက်တမ်း ငှားရမ်း နေထိုင်ခွင့်ပြုပေးနေခြင်း ဖြစ်သည်။ နဒီ

Total Views ~ 182

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43737

© 2022 - 2025 News. All Rights Reserved.