၂၀၂၄ ၊ ဇန်နဝါရီ ၂၃
နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ရေး မည်မျှပင်စီမံဆောင်ရွက် ပေးနေသည်ဖြစ်စေ ပြည်သူများအနေဖြင့် ၎င်းင်းအခွင့်အရေးကို ခံစားနိုင်ရန် အနှောင့်အယှက်များ၊ အခက်အခဲများ ရှိနေမည်ဆိုပါက အကျိုးရှိနိုင်မည်မဟုတ်ကြောင်း၊ ထို့ ကြောင့် သက်ဆိုင်သူများအားလုံး တိုင်းပြည်နှင့် ပြည်သူကို ကောင်းစေလိုသည်ဆိုပါက စဉ်းစားဆင်ခြင် ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဇန်နဝါရီလ ၂၁ ရက်က ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ခုနစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ပညာအရည် အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ် များစွာလိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ မွေး ထုတ်ပေးနိုင်ရန်အတွက် ကျန်းမာရေးသည် အခြေခံကျလှပါကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်ကြမည်ဖြစ်သဖြင့် နိုင်ငံတော် အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအတွက် မူဝါဒများ ချမှတ်ကာ "တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး"ကို ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီလမှ စတင်ပြီး ကျေးလက်ကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ မကွေးမြို့ ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့ ပြည်သူ့ဆေး ရုံကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးစသည့် တိုင်းဒေသကြီး၊ ပြည်နယ်အ သီးသီးတွင်ရှိသည့် ဆေးရုံကြီးများတွင် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဝေဘာဂီအထူးကု ဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီး (ရန်ကုန်)တို့တွင် တိုးချဲ့ကုသဆောင်သစ်များ ဖွင့်လှစ်ပေး ခြင်း၊ ခုတင် ၅၀ ဆံ့ မြို့နယ်ပြည် သူ့ဆေးရုံများတွင် နှစ်ထပ်ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်တို့အတွက် သင်ကြားရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ရန်ဌာနခွဲများဖွင့်လှစ်ပေးခြင်း စသည်တို့ကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း သိရသည်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီး ခုနစ် ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာခဲ့ရပြီး တည်ဆောက်ထားသည့် ခုနစ်ထပ်ကုသ ဆောင်သစ်ကြီးအတွင်း၌ နိုင်ငံတကာအဆင့် မီ ဆေးကုသမှုခံစားရရှိနိုင်ရန် အဆင့်မြင့် ရောဂါရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲခန်းများ၊ ပုံရိပ်ဖော်နည်းပညာဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါလူနာဌာန၊ ရိုးတွင်းချဉ်ဆီ လဲလှယ်ကု သဌာနတို့ပါဝင်ပြီး ပြည်သူ များအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာ အဆင့်မြင့်မားသည့် ကုသမှုများ ကို ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။