၂၀၂၃ စက်တင်ဘာ ၂၅
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများရှိရာ ဒေသများတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
NSPNC ကော်မတီနှင့် RCSS တို့ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို ဌာနတွင် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စဝ်ဆောင်း ဟန်နှင့် စဝ်အုမ်ခေး၊ ဗဟိုဦးစီး ကော်မတီဝင် စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျန်းတို့ တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် ပထမနေ့ ဆွေးနွေပွဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စအပါအဝင် NCA နှင့် NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်း အနားအား အလေးအနက်ထား၍ ကျင်းပနိုင်ရေး ဆောင်ရွက်မည့်ကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လူသားချင်း စာနာမှု အကူအညီပေး အပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြင်ဆင်သင့်သည့်ပုဒ်မများနှင့် ဒေသဖွံ့ဖြိုးတိုး တက်ရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ အပေါ် RCSS မှ ဆွေးနွေးချက်များအား အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြခြင်း ဖြစ် သည်။
ထို့အပြင် စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ဒုတိယနေ့ဆွေးနွေးပွဲ တွင် ပထမနေ့ဆွေးနွေးပွဲ၌ မပြီးသတ်သေး သည့်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားများကို မှတ်တမ်း တင်လက် မှတ်ရေးထိုးခဲ့ကြသည်။