Breaking

တောင်ကိုရီးယားတွင် ကျောင်းလခနှင့် နေထိုင်စရိတ် အခက်အခဲရှိသည့် မြန်မာ ကျောင်းသားနှစ်ဦး အား ပညာသင်ဆုပေးမည်

၂၀၂၄ ၊ ဇန်နဝါရီ ၁၆
    တောင်ကိုရီးယားနိုင်ငံ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ (ကိုရီးယားဘာသာစကား သင်တန်းမပါ) တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ် အခက်အခဲရှိသည့် မြန်မာနိုင်ငံသား ကျောင်းသား၊ကျောင်းသူနှစ်ဦးအား ပညာသင်ဆုပေးကာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    အခက်အခဲရှိသည့် ကျောင်းသား (သို့) ကျောင်းသူနှစ်ဦးအတွက် Woojung Education and Culture Foundation မှ Scholarship Students for the 1* Semes-ter, 2024 ပညာသင်ဆုကို စိစစ်ရွေးချယ် ပေးအပ်မည်ဖြစ်သောကြောင့် အချိန်မီ လျှောက်ထားနိုင်ကြောင်း ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးထားသည်။ 
    လျှောက်ထားလိုသူများသည် စာရွက်စာတမ်း၊ အထောက်အထားတို့ကို ပြည့်စုံစွာဖြည့်စွက်၍  ဇန်နဝါရီ ၁၉ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ Myanmar Emba-ssy, Hannam-daero 28-gil 12, Yongsan-gu, Seoul, 04418 သို့ လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ စာတိုက်မှတစ်ဆင့် သတ်မှတ်ချိန်အမီ အရောက်ပေးပို့၍လည်းကောင်း၊ သံရုံး email ဖြစ်သည့် scholarins-eoul @gmail.com သို့ ပေးပို့၍သော် လည်းကောင်း လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။ 
    ထို့အပြင် လက်ခံရရှိသော လျှောက်လွှာများအားလုံးကို စုစည်း၍ Woo jung Education and Culture Foundation ရုံးခန်းသို့  ဇန်နဝါရီ ၂၄ ရက် တွင်နောက်ဆုံး ထားပေးပို့သွားရန်ရှိသဖြင့် သတ်မှတ်ထား သည့် ဇန်နဝါရီ ၁၉ ရက်အမီ သံရုံးသို့ အရောက်ပေးပို့ရမည်ဖြစ်ကြောင်း ပြောထား သည်။
    ဆက်လက်၍ အဆိုပါပညာသင်ဆုအား ယခင်နှစ်များက လက်ခံရရှိပြီးသူ ကျောင်းသား၊ ကျောင်းသူများထပ်မံလျှောက် ထားခြင်း မပြုရန်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်ပြီးမှ ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ဆိုထားသည်။

Total Views ~ 171

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43955

© 2022 - 2025 News. All Rights Reserved.