ရန်ကုန်၊ စက်တင်ဘာ ၂၅
တောင်ကျချောင်းရေမြင့်တက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နမ့်လပ်ချောင်းကူးတံတားအား ရက်ပိုင်းအတွင်းပြန် လည်တည်ဆောက်ပြီးဖြစ်၍ ယာဉ်ကြီးယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၀ ရက် နံနက် ၂ နာရီမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လပ်ချောင်း တောင်ကျရေများ မြင့်တက်လာပြီး ကျိုင်းတုံ-လွိုင်မွေ ကား လမ်းပေါ်ရှိ အရှည်ပေ ၆၀ ၊ အကျယ် ၁၉ ပေရှိ နမ့်လပ် ချောင်းကူး သံကူကွန်ကရစ်တံတားသည် စက်တင်ဘာလ ၁၀ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျက်စီးသွားသော နမ့်လပ်ချောင်းကူးတံတားနေရာတွင် သံပေါင်ဘေလီတံတားအစားထိုး တည်ဆောက်နိုင်ရေး ခရိုင်လမ်းဦးစီးဌာနမှ အမြန်ဆုံးပြင် ဆင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းတွင် အရွယ်အစားအရှည် ပေ ၈၀၊ အကျယ် ၁၂ ဒသမ ၈ ပေ၊ ခံနိုင်ဝန် ၁၃ တန်ရှိသည့် သံပေါင်ဘေလီတံတားကို တည်ဆောက်ပြီးစီးပြီဖြစ်၍ ယာဉ်ကြီးယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ် ကြာင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၂၁ ရက် စာ ရင်းများအရ လုံးဝပျက်စီးသွားသည့် အဆောက်အအုံပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အအုံပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြုပ်ခဲ့သည့် အဆောက်အအုံပေါင်း ၁၃၆၀၂၃ လုံး စုစု ပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်း ပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြုပ်ပျက်စီးခဲ့ကြောင်း သိရသည်။ ထူးမြတ်