Breaking

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ပထမဆုရရှိသူအား ကျပ်သိန်း ၅၀ ချီးမြှင့်မည်

၂၀၂၃ အောက်တိုဘာ ၈

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ တောင်ကြီးတန် ဆောင်တိုင်မီးပုံးပျံပွဲတော်အား နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ၇ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။

အဆိုပါ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်၌ ပထမဆုရရှိသူအား ကျပ်သိန်း ၅၀ ချီးမြှင့်မည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ရောင်စုံဓာတ်ပုံပြိုင်ပွဲကိုလည်း ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်လိုသူများအနေဖြင့် တစ်ဦးလျင် ကျင်းပမည့်တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင်ရိုက်ကူးထားသော ၁၂ လက်မ × ၁၈ လက်မအရွယ်ရှိ ဓာတ်ပုံ ၄ ပုံတင်သွင်းနိုင်ကာ Print ထုတ်ထားသော ရောင်စုံဓာတ်ပုံများနှင့်အတူ Sof Copy CD ကိုလည်း ပူးတွဲပေးပို့ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲဓာတ်ပုံများအား ဒီဇင်ဘာ ၆ ရက်ညနေ ၄ နာရီနောက်ဆုံးထား၍ ဓာတ်ပုံပြိုင်ပွဲကျင်းပရေးနှင့်ဆုရွေးချယ်ရေးကော်မတီသို့ပေးပို့ရမည်ဖြစ်ကာ သတ်မှတ်ချိန်ကျော်လွန်ရောက်ရှိလာသည့် ဓာတ်ပုံများအား လက်ခံမည်မဟုတ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း ၅၀ ၊ ဒုတိယဆုကျပ်သိန်း ၄၀ ၊ တတိယဆုကျပ်သိန်း ၃၀ နှင့်အ ထူးဆုများအတွက် တစ်ဆုလျှင် ၁၀ သိန်းကျပ်စီချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 180

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43826

© 2022 - 2025 News. All Rights Reserved.