Breaking

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် မှုကို ဖုန်း SMS ဖြင့် Voting ပေးရွေးချယ် နိုင်မည်

၂၀၂၃ နိုဝင်ဘာ ၂၀
    တောင်ကြီး တန်ဆောင်တိုင် မီး ပုံးပျံပွဲတော်ကို MPT ဆင်းကတ်ဖြင့် SMS ပေးပို့ရမည့်နံပါတ်သို့ Voting Number များကို နှစ်သက်ရာ မီးပုံးပျံအဖွဲ့ Voting ပေးပို့ ရွေးချယ်နိုင်ကြောင်း  ရှမ်းပြည်နယ်(တောင် ပိုင်း)ရိုးရာ မီးပုံးပျံပညာရှင်များ အသင်း၏ထုတ်ပြန်ချက်အရ သိရသည်။
    ပြိုင်ပွဲဝင်ကြမည့်မီးပုံးပျံအဖွဲ့များ အားလုံးကို Voting System ဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုများ အဖြစ် ရွေးချယ်သွားမည်ဖြစ်ပြီး မီးပုံးပျံများအတွက် ဆုများချီးမြှင့်ရာတွင် Voting ရာခိုင်နှုန်း ၅၀၊ မီးပုံး ပျံပညာရှင် ရာခိုင်နှုန်း ၅၀ ဖြစ်ပြီး မီးလောင်ပျက်စီးသောမီးပုံးပျံများ Voting ပေးရန်မလိုကြောင်း၊ တစ်ကြိမ် Voting ပေးလျှင် ၁၅ ကျပ်ကျသင့်မည်ဖြစ်ကာ နေ့လွှတ်နှင့် ညလွှတ် မီးပုံးပျံများကို မဲပေးစနစ်ဖြင့် အမှတ် ပေးနိုင်ကြောင်း သိရသည်။
    ထို့ပြင် တောင်ကြီးတန်ဆောင် တိုင်မီးပုံးပျံကွင်းကို ပြန်လည်ပြင်ဆင်နေပြီး  ဝင်ကြေးကောက်ခံသွားမည်ဆိုသည်မှာ မှန် ကန်မှုမရှိကြောင်း တောင်ကြီးတန်ဆောင် တိုင် ရိုးရာမီးပုံးပျံပွဲတော် ကျင်းပရေးလုပ်ငန်း ကော်မတီမှ ထုတ်ပြန်ထားသည်။
    ညလွှတ်မီးပုံးပျံအစီအစဉ်တွင် ညမီးကြီး ၂၅ ပေ မီးပုံးပျံ၊ ညမီးကြီး ၂၂ ပေမီးပုံးပျံနှင့် စိန်နားပန် ၁၈ ပေ မီးပုံးပျံတို့ ဖြစ်ကာ နေ့လွှတ်အရုပ် မီးပုံးပျံအစီအစဉ်တွင် အရုပ်ခြေနှစ်ချောင်းမီးပုံးပျံ၊ အရုပ်ခြေလေး ချောင်းမီးပုံးပျံနှင့် အရုပ်အုပ်စုမီးပုံးပျံတို့ကို လွှတ်တင်သွားမည်ဖြစ်သည်။
    ၂၀၂၃ခုနှစ် ရှမ်းပြည်နယ် တောင် ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ရောင် စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ထားပြီး ရောင်စုံ ဓာတ်ပုံပြိုင်ပွဲဆုကြေးများမှာ ပထမဆု ကျပ် သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိ ယဆု ကျပ်သိန်း ၃၀ ဖြစ်ကာ၊ အထူးဆုများ အတွက် တစ်ဆုလျှင် ကျပ် ၁၀ သိန်းစီ ချီး မြှင့်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။ တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ် ရက်တိုင်တိုင် ကျင်းမည်ဖြစ်သည်။

Total Views ~ 177

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43905

© 2022 - 2025 News. All Rights Reserved.