နေပြည်တော်၊ အောက်တိုဘာ ၂
စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် တောင်ငူခရိုင်အတွင်း မြို့နယ်လေးမြို့နယ်မှ ရေမျောသွားသည့် လူနေအိမ်များနှင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူလေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးတို့က ထောက်ပံ့ငွေကျပ် ၉၁၃ သိန်းနှင့် အိမ်သုံးပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်း ၁၆ မျိုးပါ Family Kit များ ထောက်ပံ့ပေးအပ်လိုက်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများ ပုံမှန်မူလူနေထိုင်မှုသို့ ရောက်ရှိနိုင်ရေးအတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
"သဘာဝဘေးအန္တရာယ်ဆိုတာ ရှောင်လွှဲလို့မရသလို လူနေအိမ်တွေ၊ ပစ္စည်းတွေ၊ စိုက်ပျိုးထားတဲ့ လယ်မြေတွေ၊ စိုက်ပျိုးသီးနှံများနဲ့ နိုင်ငံပိုင် လမ်း၊ တံတား၊ အဆောက်အအုံ၊ လျှပ်စစ်ဓာတ်တိုင်နဲ့ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရေဘေး သင့်ပြည်သူတွေကို ပုံမှန်မူလလူနေထိုင်မှုကို ရောက်ရှိနိုင်ရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
တောင်ငူခရိုင်အတွင်း မြို့နယ်လေးမြို့နယ်မှ ရေမျောပါ(လုံးဝ) ပျက်စီး နေအိမ် ၅၈၅ လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် ၅၂၀ ရှိခဲ့ကြောင်း သိရသည်။ ကွန်းဈာန်