ရန်ကုန်၊ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရှိ စစ်တောင်းမြစ်ရေသည် ပုံမှန်သတ်မှတ်ချက် စင်တီမီတာ ၆၀၀ ထက် စင်တီမီတာ ၈၀၀ အထိရောက်ရှိကာ မြစ်များနှင့် နီးကပ်သည့်နေရာများတွင် ၁၂ ရက် ညနေမှစတင်ကာ ရေလွှမ်းသွားကာ လူဦးရေ ကိုးသောင်းကျော်ရေဘေးသင့်ကာ ရေဘေးသင့်ကယ်ဆယ်ရေးစခန်း ၁၀၀ ခန့်ထားရှိ၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ငူခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောကြားခဲ့သည်။

"ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းရှိ ခရိုင်းလေးခုတွင် ရေလွှမ်းဧရိယာမှာ တောင်ငူမြို့ နယ်က ၂၇ နေရာ၊ ရေတာရှည်မြို့နယ်က ၂၄ နေရာ၊ ထန်းတပင် က ၁၄ နေရာနဲ့ အုတ်တွင်းတွင် ရှစ်နေရာ စုစုပေါင်း တောင်ငူခရိုင်အနေဖြင့် ၇၈ ရပ်ကွက်၊ ကျေးရွာကို ရေလွှမ်းသွားပါတယ်။ ရေဘေးသင့်သည့် လူဦးရေမှာ ၉၃ç၉၁၃ ဖြစ် ပြီး တောင်ငူခရိုင်မှာ ရေဘေးသင့်ကယ်ဆယ် ရေးစခန်း ၁၀၀ ဖွင့်ထားပါတယ်။ လတ်တ လောတွင် ရေလွှမ်း၍ပိတ်မိနေသူ၊ ပျောက်ဆုံး၊ သေဆုံးသူများ မရှိပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိမှာလည်း တာဝန်ရှိ အဖွဲ့အစည်းများနှင့် ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်း၍ နေ့ညမပြတ် ကယ်ဆယ်ရေးလုပ်ငန်းများကို ၂၄ နာရီ ကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးခြင်း၊ ထမင်းထုပ်များ ပေးဝေခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
"ရေလွှမ်းတဲ့နေရာတွေမှာ ပိတ်နေတာမရှိဘူးဆိုတာက ကျွန်တော်တို့က တပ်မတော်ရဲ့ တိုင်း စစ်ဌာနချုပ်အစီအစဉ် ရယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ရယ်၊ ပရဟိတအဖွဲ့တွေနဲ့ စက်လှေ စုစုပေါင်း ၆၀၊ ၇၀ လောက်ကို လိုက်ပြီးတော့ နေ့ည ၂၄ နာရီမှာ ထမင်းထုပ်ဝေခြင်း၊ လို အပ်တဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်"ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

ထို့အပြင် လယ်ယာပျက်စီးဆုံးရှုံး မှုများအနေဖြင့် ရေတာရှည် ၈၀၂ ဧက၊ ထန်းတပင်တွင် ၂၇ç၆၁၅ ဧက၊ အုတ်တွင်း တွင် ၁၂ç၉၈၇ ဧက စသည်တို့ဖြစ်ကာ တောင်ငူခရိုင်တွင် လယ်ယာမြေများ မြေမြုပ်သွားသည့် ဧကမှာ စုစုပေါင်း ၇၇ç၁၅၄ ဧက နစ်နာဆုံးရှုံးသွားသည့် တောင်သူများ မှာ ၁၇ç၁၆၇ ဦးရှိကြောင်း၊ ကျေးရွာအုပ်စု ပေါင်းမှာ ၉၅ စု ရှိကာ ရေမြုပ်ပျက်စီးသွားသည့် လယ်ဧကမှာ ၄၄၀၃ ဧက ရှိကြောင်း သိရသည်။
"ရေဘေးက မထင်မှတ်ဘဲ ဖြစ်သွားတယ်။ အခုက အစိုးရအဖွဲ့တစ်ဖွဲ့တည်း လုပ်လို့မရဘူး။ အကုန်လုံး စုပေါင်းပြီးတော့ ဆောင်ရွက်မှရမယ်။ ကျွန်တော်တို့အနေနဲ့လည်း တတ်နိုင်တဲ့ဘက ကနေပြီးတော့ တာဝန်ရှိအဖွဲ့များနဲ့ ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံတောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောကြားခဲ့သည်။ လက်ရှိတွင်လည်း စာသင်ကျောင်းများအနေဖြင့် ကျောင်းပေါင်း ၁၅၀ ခန့်အား ပိတ်ထားကာ၊ ရေဘေးကယ်ဆယ် ရေးစခန်းအနေဖြင့် တောင်ငူခရိုင်တစ်ခုလုံးတွင် ကယ်ဆယ်ရေး စခန်း ၁၀၀ ခန့်ရှိကာ ပြန်လည်ထူထောင်ရေး အစီအစဉ်များကိုလည်း တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ လမ်းညွှန်မှုအစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

"စစ်တောင်းမြစ် ဘေးမှာရှိတဲ့ ကျေးရွာတွေ အကုန်လုံးဖြစ်တဲ့ ကရင်ကျောင်း၊ မိုင်းကောင်း၊ ညောင်ပင်သာ၊ အင်းဝိုင်း၊ ရွာသစ်ကုန်းစတဲ့ ကျေးရွာအကုန်မြုပ်တယ်။ ရေစတက်တက်ချင်း ၂၄ နာရီမှာ လူ တစ်ရပ်စာ စတင်မြုပ်တယ်။ တဖြည်းဖြည်းတော့ ပြန်ကျတယ်။ ရေမြုပ်သွားတဲ့ မိသားစုတွေကို၊ အိမ်တွေကိုတော့ ပြန်မလွတ်သေးဘူး။ ကျွန်တော်တို့ သတင်းကြားတာ ဆည်က ရေထပ်လွှတ်မယ်ဆိုတာတော့ ကြားထားတယ်၊ နေလို့မရသေးဘူး။ အခုလက်ရှိ အခြေအနေလည်း နေလို့မရသေးဘူး။ နှစ် ထပ်အိမ်ဆိုရင် အောက်ထပ်မြုပ်တယ်။ မြစ်ကမ်းနားဘေးဆိုရင် ခေါင်းမိုးသေးသေးလေး ပဲမြင်ရတယ်။ အင်းဝိုင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း စစ်ဘေးရှောင် များအနေဖြင့်လည်း ၎င်းတို့မြို့ရွာများတွင် ပြန်လည်နေ ထိုင်သည့် အခြေအနေတွင်ရှိ သောကြောင့် ရေဘေးရှောင်များကိုလည်း ခရိုင်တစ်ခုလုံးတွင် ကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်ခန့် ဖွင့်လှစ်၍ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များက ရေဘေးသင့်ပြည်သူများအတွက် နေ့စဉ်ချက်ပြုတ်ကျွေးမွေးရေး၊ ရေရရှိရေး စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသောကြောင့် အခက်အခဲမရှိ အဆင်ပြေစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သက်မှူး