၂၀၂၃ ၊ ဖေဖော်ဝါရီ ၁၃
ယမန်နေ့( ဖေဖော်ဝါရီ ၁၂)ည ၇နာရီ အချိန် တောင်ငူခရိုင် တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံးသို သေနတ်ဒဏ်ရာဖြစ် အမျိုးသား ၁ ဦးရောက်ရှိနေကြောင်းသတင်းအရ သက်ဆိုင်ရာတာ၀န်ရှိသူများ ပါ၀င်သော ဦးစီးအဖွဲက သွားရောက်စစ်ဆေးရာ ထုံးဘိုကြီးကျေးရွာနေ ဦးဇော်ထွန်း(၄၂)နှစ်တွင် ဝမ်းဗိုက်ယာဘက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ဝဲဘက်ကျည် ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ ချက်အောက်ကျည်ရှပ်ထိဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၅ ချက်) (မစိုးရိမ်ရ)ရရှိခဲ့သည်ကိုတွေ့ရှိရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား သက်ဆိုင်ရာ ဦးစီးအဖွဲကစိစစ်ရာ ယင်းနေ့ ညနေ ၅နာရီ ၄၅ မိနစ်အချိန်တွင် ဦးဇော်ထွန်း သည် သုံးဘီးဘေးတွဲ ဆိုင်ကယ်အားမောင်းနှင်ပြီး သားဖြစ်သူ ဇော်မိုးထက်(၁၀)နှစ် ( ၆ တန်း)နှင့် တစ်ရွာတည်းနေ ဖြိုးကို(၂၃)နှစ်တိုအား တင်ဆောင်၍ ကျေးအင်းထုံးဘိုကျေးရွာမှ ထုံးဘိုကြီးကျေးရွာသိုမောင်းနှင်လာစဉ် တောင်ငူ၏ အရှေ့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာခရိုင်ချင်းဆက်ကတ္တရာလမ်းပေါ်အရောက်တွင် အကြမ်းဖက်အုပ်စု PDF/KNU သကသအင်အား(စိစစ်ဆဲ)များမှ သေနတ်(စိစစ်ဆဲ)ဖြင့်ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်းသိရှိခဲ့ရသည်။