တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာ အထက(ဇရပ်ကြီး)စာစစ်ဌာနအား Drone  Bomb ၂ လုံးပစ်ချတိုက်ခိုက်ခံရ၍   ကျောင်းသား၊ ကျောင်းသူများအား အထက(တောင်သာ)တွင် စာမေးပွဲဖြေဆိုနိုင်ရေး လုံခြုံရေးအဖွဲမှ သွားရောက်ခေါ်ဆောင်ခဲ့ရ 

၂၀၂၃ ၊မတ် ၉

ယမန်နေ့(မတ် ၈)နံနက် ၉နာရီ အချိန်မှ ၁၂နာရီထိ မြင်းခြံခရိုင် တောင်သာမြိုနယ်၏ အရှေ့ဘက် ၈ မိုင်ခန့်အကွာ ဇရပ်ကြီးကျေးရွာရှိ အထက(ဇရပ်ကြီး)စာစစ်ဌာန၌ ကျောင်းသား ၅ ဦး၊ ကျောင်းသူ ၂၃ ဦး၊ စုစုပေါင်း ၂၈ ဦး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာသို ကျောက်ပန်းတောင်း တပ်နယ်မှူး လုံခြုံရေးအဖွဲသည်  လုံခြုံရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး ဆောင်ရွက်နေစဉ် ယင်းနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် အကြမ်းဖက်အုပ်စု PDF များမှ Drone ဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အထက(ဇရပ်ကြီး)ဝင်းအတွင်းရှိ ကျောင်းဆောင်အရှေ့ဘက်တွင် ၁ လုံး၊ ကျောင်းဆောင်ပေါ်သို ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်၏မျက်နှာကြက်နှင့် မှန်တံခါးများ အနည်းငယ်ပျက်စီး(တန်ဖိုး-စိစစ်ဆဲ)ဆုံးရှုးခဲ့ကြောင်း သိရသည်။

သိုသော်လည်း စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူများမှာ စာမေးပွဲအားအောင်မြင်စွာဆက်လက်ဖြေဆိုနိုင်ခဲ့ပြီး  အဆိုပါ အထက(ဇရပ်ကြီး)စာစစ်ဌာန အား လုံခြုံရေးအခြေအနေအရ အထက(တောင်သာ)စာစစ်ဌာနသိုပြောင်းရွှေ့ဖြေဆိုနိုင်ရန် ပူးပေါင်းအဖွဲသည် စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူများခေါ်ဆောင်ရန် မနရ(တောင်သာ)မှ ထွက်ခွာလာရာ ယင်းနေ့ နံနက် ညနေ ၄နာရီ မိနစ် ၅၀ နတွင် အထက(ဇရပ်ကြီး)သိုရောက်ရှိပြီး စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူ ၂၇ ဦးအနက်မှ ကျောင်းသား/သူ ၁၇ ဦး(ကျောင်းသား ၂၊ ကျောင်းသူ ၁၅)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသန်းနိုင်ထွေး ပါ ဆရာ/ဆရာမ ၇ ဦး၊ ကျောင်းသားမိဘ ၂ ဦးနှင့် မေးခွန်သေတ္တာ ၁ လုံးတိုအား ဦးမြတ်စိုး မောင်းနှင်သော 5I/5639 VITZ ယာဉ်ဖြင့် သယ်ဆောင်ကာ ပြန်လည်ထွက်ခွာလာရာ ညနေ ၅နာရီခွဲ ၁တွင် မမစ(တောင်သာ)သိုရောက်ရှိခဲ့ကြောင်းနှင့်  မေးခွန်း သေတ္တာအား မမစ(တောင်သာ)ဝင်းအတွင်းရှိ ငွေတိုက်တွင်သိမ်းဆည်းထားရှိကာ ကျောင်း သား/သူ ၁၇ ဦး၊ ဆရာ/ဆရာမ ၇ ဦး၊ ကျောင်းသားမိဘ ၂ ဦးတိုသည် အထက(မင်းစု)တွင် တည်းခိုလျက် ရှိသော်လည်း ကျန်ရှိသည့် ကျောင်းသား/သူ ၁၁ ဦး(ကျောင်းသား ၃၊ ကျောင်းသူ ၈)တိုသည်  စာမေးပွဲ ဖြေဆိုရန် လိုက်ပါလာခြင်းမရှိခဲ့ကြောင်း သိရသည်။

Total Views ~ 267

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43341

© 2022 - 2025 News. All Rights Reserved.