တောင်သာမြို့နယ်အတွင်းရှိ PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်မှ တိုက်ခိုက်ချေမှုန်း

ရန်ကုန်၊ စက်တင်ဘာ ၁၇
    မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် PDF အမည်ခံ အကြမ်းဖက်သမားများကို တပ်မတော်မှ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်းသိရသည်။
    ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်က ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တောင်သာမြို့နယ် သာယာကြီးကျေးရွာအနီး ခိုအောင်းလှုပ်ရှားနေသော အကြမ်းဖက် သောင်းကျန်းသူများကို သွားရောက်ရှင်းလင်ခဲ့ကြောင်း သိရသည်။
    သာယာကြီးကျေးရွာ၏ မြောက်ဘက်ခြမ်း ကျေးရွာ စာသင်ကျောင်းနှင့် ဓမ္မပါလဘုန်းကြီး ကျောင်းတိုက်ဝန်းကျင်၌ အင်အားစုဖွဲ့ အခြေပြုလျက်ရှိသည့် ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်း သူများသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အကြမ်းဖက် သောင်းကျန်းသူများထံမှ အလောင်းအချို့နှင့် ပစ္စတိုတစ်လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ်တစ်ခုကို သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ ထိတွေ့မှုဖြစ်ပွားသော နေရာတစ်ဝိုက်သို့ ဆက်လက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ အသုံးပြုသော မော်တော်ယာဉ်အချို့၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ ဒေသန္တရကွန်ကြူပိုက်မိုင်း အကြီးခြောက်လုံး၊ အသေးငါးလုံး၊ စနက်တံ အခု ၂၀၊ ၅ ဒသမ ၅၆ မမကျည် အတောင့် ၁၄၀ နှင့် ဝိုင်ယာကြိုးနှစ်ခွေ သိမ်းဆည်းရမိ ခဲ့ကြောင်းသိရသည်။
    လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း  ဆက်လက်ရှင်းလင်းခဲ့ရာ မွန်းလွဲပိုင်းမှစ၍ တောင်သာ၊ နွားထိုးကြီးနှင့် မြင်းခြံဒေသပတ်ဝန်း ကျင်ရှိ အကြမ်းဖက် အဖွဲ့များ စုစည်းသည့်အင်အားစုဖြင့် ရွာတောင်ဘက်ခြမ်း၌ ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်အဖွဲ့များသည် နီးစပ်ရာစုစည်း၍ အင်အားများ ထပ်မံဖြည့်တင်း တုံ့ပြန်လာသည့်အတွက် လေကြောင်းပစ်ကူ ရယူ၍ ချေမှုန်းခဲ့ရာ ပစ်ခတ်မှုများ ညနေပိုင်းတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့များ ထိခိုက်သေဆုံးဒဏ်ရာ အများအပြားဖြင့် သာယာကြီးရွာအတွင်းမှ တောင်ဘက်နှင့် အနောက်ဘက်များသို့ ထွက်ပြေးသွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 158

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43790

© 2022 - 2025 News. All Rights Reserved.