ရန်ကုန်၊ နိုဝင်ဘာ ၁၃
တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားအချို့အနေဖြင့် နိုင်ငံကူးလက်မှတ်များကို တရားမဝင်တံဆိပ်တုံး အတုအပဖြင့် သက်တမ်းတိုးခြင်းများ စိစစ်တွေ့ရှိရသဖြင့် ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်း ရေးသွင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ရာတွင် မြန်မာသံရုံး ဆိုးလ်မြို့အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်မိခြင်းကြောင့် မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံတို့မှ ဥပဒေအရ အရေးယူခံရနိုင်ကြောင်းနှင့် စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်အား ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ချက်ကို အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်လက်၍ ထုတ်ပြန်ချက်တွင် အချို့သော မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ မြန်မာနိုင်ငံကူးလက်မှတ်များကို တရားမဝင် တံဆိပ်တုံး အတုအပဖြင့် သက်တမ်းတိုးခြင်းများ လုပ်ဆောင်နေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် မြန်မာသံရုံး ဆိုးလ်မြို့အနေဖြင့် အဆိုပါ နိုင်ငံကူး လက်မှတ်များကို ဖျက်သိမ်းခြင်းနှင့် အမည်မည်း စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သံရုံးက ပြောသည်။ တရားမဝင် တံဆိပ်တုံး အတုအပပြုလုပ်ပြီး နိုင်ငံကူး လက်မှတ်များကို သက်တမ်း တိုးနေသူများအား အိမ်ရှင်နိုင်ငံ၏ တရားဥပဒေအရ ထိရောက်စွာအရေးယူ ဟန့်တားနိုင်ရေး သက် ဆိုင်ရာ ဝန်ကြီးဌာနအဆင့်နှင့် နယ်မြေခံအဆင့်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ကိုရီးယား သမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် တရားဝင်အလုပ်သမားများ စေလွှတ်သော နိုင်ငံဖြစ်ပြီး မြန်မာလုပ်သားများ လုပ်ငန်းခွင်ထိခိုက်မှုများ လျော့ပါးစေရန် အလုပ်ရှင်နှင့် အလုပ်သမားများအတွက် အသိပညာပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးခြင်း၊ မြန်မာသံရုံးအနေဖြင့် လုပ်သားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် အခါအား လျော်စွာ အလုပ်ရှင်များနှင့် တွေ့ဆုံခြင်းနှင့် လုပ်သားများအား ီငါငအေူ ဏူအေ-်သမာ များမှတစ်ဆင့် အသိပညာပေးခြင်း၊ ကိုရီးယား စိုက်ပျိုးရေးလုပ်ငန်းရှင် အချို့၏ လုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးအာ မခံထား ရှိမှုမရှိခဲ့၍ မြန်မာလုပ်သားများ နစ်နာမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် စိုက်ပျိုးရေးကဏ္ဍမှ အလုပ်ရှင်များအား ပိုမိုကြပ်မတ်ပေးစေခြင်း၊ ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများ ပိုမို ရောက်ရှိလာမှုကြောင့် မြန်မာလုပ်သားများအား ထိရောက်စွာ ကူညီစောင့်ရှောက်နိုင်ရန် ကိုရီးယားနိုင်ငံ အနှံ့အပြားရှိ နိုင်ငံခြားသားအလုပ်သမားကူညီ ထောက်ပံ့ရေး စင်တာများတွင် မြန်မာဝန်ထမ်းများ တိုးချဲ့ခန့်ထား ဆောင်ရွက်လျက်ရှိသည်။ ထူးမြတ်