၂၀၂၃ နိုဝင်ဘာ ၂၀
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က သွားရောက်ကြည့် ရှု အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၉ ရက်တွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၊ တပ်မ တော် ဆေးရုံခုတင်(၁၀၀၀)ရှိ အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာ ကုသမှုဌာန၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်း ဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာ ရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အရာရှိ၊ စစ်သည်များ၏ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများ ကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကား ပြော ကြားခဲ့ပြီး အရာရှိ၊ စစ်သည်များ၏ တင်ပြ ချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်နှင့်အတူ ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာ ကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ် ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိ ကြီးများကလည်း တစ်ဦးချင်း လိုက်လံအား ပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေ နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။တပ်မတော်အနေဖြင့် နိုင်ငံတော် ကာကွယ် ရေးအတွက် တာဝန်ထမ်းဆောင်ရင်းထိခိုက် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူပြီး ပြန် လည်ကျန်းမာလာသူများကိုလည်း နိုင်ငံတာဝန် ပြန်လည်မထမ်းဆောင်မီ ကမ်းခြေ ဒေသများသို့ အပန်းဖြေခရီး ပေးပို့လျက်ရှိ ကြောင်း သိရသည်။