ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ ၂၀၂၃ ကျင်းပမည်

၂၀၂၃ မေ ၁၆

ထိုင်းတက္ကသိုလ်ဘွဲ့ရကျောင်းသား‌ဟောင်းများအသင်းမှ ဦးစီးကျင်းပသည့် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေး ပြပွဲ (Thailand Education Fair) ၂၀၂၃ အား မေ ၂၁ ရက် တနင်္ဂနွေနေ့ တွင် ရန်ကုန်မြို့၊ပြည်လမ်းရှိ နိုဗို တယ်ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း မေ ၁၆ ရက်က ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေး ပြပွဲ Thailand Education Fair ၂၀၂၃ စာနယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားမှ သိရ သည်။

“ထိုင်း education fair ကို တောက်လျောက်ကျင်းပလာတာ ငါးကြိမ်မြောက်ရှိပါပြီ၊ ဒီ ငါးကြိမ်မြောက် ပညာရေး ပြပွဲကို နိုဗိုတယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီ ပညာရေးပြပွဲကို ထိုင်းနိုင်ငံက တက္ကသိုလ် ၁၇ ခုလာရောက် ပြသမှာဖြစ်ပါတယ်၊ လာရောက်လေ့လာဖို့အတွက် ဖိတ်ခေါ်ပါတယ်” ဟု ထိုင်းတက္ကသိုလ်ဘွဲ့ရ ကျောင်း သားဟောင်းများအသင်း ဥက္ကဌ ဦးမိုးမြင့်ကျော် ကပြောကြားခဲ့သည်။

အဆိုပါ ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များစွာ ပါဝင်ပြသမည့် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေး ပြပွဲတွင် ပညာသင်ဆုများ ပေးအပ်မည့် နာမည်ကျော်တက္ကသိုလ်များ၊ Asian Institute of Technology (AIT) ၊ Assumption တက္ကသိုလ်၊ University of Thai Chamber of Commerce(UTCC) ၊ဘန်ကောက် တက္ကသိုလ်အပြင် ထိုင်းနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ် ၁၇ ခု ပါဝင်ပြသမည်ဖြစ်သည်။

Total Views ~ 252

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43459

© 2022 - 2025 News. All Rights Reserved.