ရန်ကုန်၊ ဧပြီ ၄
ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာ ကျောင်းသားများအသင်း၊ Association of Myanmar Alumni from Universities in Thailand (AMAUT) မှကြီးမှူး၍ ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များစွာ ပါဝင်ပြသမည့် (၇)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကို ဧပြီ ၇ ရက်တွင် ကမ္ဘာအေးဘုရား လမ်းရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပညာရေးပြပွဲတွင် ထိုင်းနိုင်ငံမှ နိုင်ငံတကာအဆင့်မီ နာမည်ကျော် တက္ကသိုလ် ၃၀ ကျော်မှ ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များ၊ ပညာရေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များထံမှ အချက်အလက်များကို တစ်ပြိုင်နက်တည်း ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲတွင် Thailand International Cooperation Agency (TICA)? Mahanakorn University of Technology International College (MUIC)?Sirindhorn International Institute of Technology (SIIT), Thammasat Uni-versity, Thailand? Thammasat Business School, (TBS)? Mahidol University? Ka-setsart University? Chiang Mai Rajabhat University Maejo University? Chiang Mai University စသည့် နာမည်ကျော်တက္က သိုလ်များပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့် ကွန်ရက်များချိတ်ဆက်နိုင်မည့် ပညာရေးပြပွဲသို့ မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် လာရောက်လေ့လာနိုင်မည်ဖြစ်ပြီး ထိုင်းတက္ကသိုလ်အများ အပြားနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။