Breaking

ထိုင်းနိုင်ငံတွင် ကရိန်းပြိုကျမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ခြောက်ဦးအတွက် အလုပ်သမားသံအရာရှိရုံးမှ ကူညီဆောင်ရွက်ပေးမည်

ရန်ကုန်၊ ဧပြီ ၁
    ထိုင်းနိုင်ငံ လရောင်ခရိုင် Pluak Daeng မြို့ရှိ Sin Ker Yuan Co.,Ltd သံမဏိစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ခြောက်ဦးအတွက် ထိုင်းနိုင်ငံ လူမှုဖူလုံရေးခံစားခွင့် ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များရရှိစေရေး ကူညီဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သမား သံအရာရှိရုံးမှ ထုတ်ပြန်ကြေညာထား သည်။
    မတ်လ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်က Sin Ker Yuan Co.,Ltd  သံမဏိစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ကရိန်းပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ခြောက်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
    မြန်မာနိုင်ငံသားများ ထိခိုက်သေဆုံးကြောင်း သတင်းအရ သက်ဆိုင်ရာနယ်မြေရှိ အုပ်ချုပ်ရေး မှူးအဖွဲ့များနယ်မြေ အလုပ်အကိုင်ဌာန DOE နှင့် အာဏာပိုင်အဖွဲ့များ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီး မတ် လ ၃၀ ရက်က အလုပ်သမားသံမှူးနှင့်အဖွဲ့ဟာ မြန်မာနိုင်ငံသား ခြောက်ဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး သေဆုံးသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခြင်း၊ သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ နယ်မြေ အလုပ်အကိုင်ဌာန DOE နှင့် အာဏာပိုင်အဖွဲ့များ၊ လူမှုကူညီ ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ ပြု လုပ်ခဲ့ကြောင်း သိရသည်။
    အဆိုပါ ထိခိုက်သေဆုံးသူအလုပ် သမားတစ်ဦးစီအတွက် ထိုင်းနိုင်ငံ လူမှုဖူလုံ ရေးခံစားခွင့် ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ရရှိစေရေး ကူညီဆောင်ရွက်ပေးသွားဖို့ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Total Views ~ 184

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43938

© 2022 - 2025 News. All Rights Reserved.