Breaking

ထိုင်းနိုင်ငံရောက် CI စာအုပ် ကိုင်ဆောင်ထားသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဆောင်ရွက်မည်

၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၄
    စက်ရုံအလုပ်ရုံများ၏ တင်ပြချက်အရ ထိုင်းနိုင်ငံအတွင်း CI စာအုပ်ကိုင်ဆောင်ပြီး စက်ရုံအလုပ်ရုံများ၌ အလုပ်လုပ်နေသော မြန်မာလုပ်သားများကို စက်ရုံအလုပ်ရုံများသို့ Mobile Team ဖြင့် သွား ရောက်၍ အချက်အလက် ကောက်ယူခြင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများသို့ ပို့ ဆောင်ပြီး မှန်ကန်မှု ရှိ^မရှိ အတည်ပြုခြင်းနှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးခွင့်ရယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
    ယခုအခါ ထိုင်းနိုင်ငံ၌ CI စာအုပ် ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်နေသူများကို မဟာချိုင်တွင် ဖွင့်လှစ်ထားသော TDCC ရုံးခွဲ၌ လိုအပ်သည့်စာရွက်စာတမ်းများ ပြည့်စုံစွာဖြင့် လာရောက်လျှောက်ထားပါက CI စာအုပ်မှ နိုင်ငံကူးလက်မှတ် (PJ–Passport)စာအုပ်များကို ပြုလုပ်ပေး လျက်ရှိပြီး စက်ရုံအလုပ်ရုံများသို့ Mobile Team ဖြင့် သွားရောက်၍ အချက်အလက် ကောက်ယူချိန်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်လို သူများအနေဖြင့် သတ်မှတ်ကိုယ်ရေးမှတ်တမ်းပုံစံ ဖြည့်စွက်ထားခြင်း၊ ကိုင်ဆောင်ထားသည့် CI စာအုပ်မူရင်း၊ CI စာအုပ်၏ ဓာတ်ပုံပါ စာမျက်နှာမိတ္တူ တစ်စောင်၊ CI စာအုပ်၏ ဗီဇာပါစာမျက်နှာမိတ္တူတစ်စောင်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မိတ္တူတစ်စောင်၊ နိုင်ငံသား စိစစ်ရေးကတ်မူရင်းနှင့် မိတ္တူတစ်စောင်၊ အိမ်ထောင်စုစာရင်း မိတ္တူတို့လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
    ဆက်လက်၍ နိုင်ငံကူးလက်မှတ်ထုတ်ယူခွင့် ရရှိသူများသည် လက်မှတ်ထုတ်ယူပြီးပါက စက်ရုံအလုပ်ရုံ အစီအစဉ်ဖြင့် အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်ကာ MOU လုပ်သားအဖြစ် စာရင်းဝင်ရေး ဆက်လက်ဆောင်ရွက်နိုင်ပြီး စာအုပ်သက်တမ်းကုန်ပါက နိုင်ငံကူးလက်မှတ် စာအုပ်အသစ် ဆက်လက်လျှောက်ထား လဲလှယ်နိုင်မည်ဖြစ်ရာ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေ သော မြန်မာလုပ်သားများအနေဖြင့် သက်ဆိုင်ရာ စက်ရုံအလုပ်ရုံများ၏ H.R Mana-ger များသို့ အသိပေးသွားရန်နှင့် ကြိုတင်စာရင်းပြုစုထားနိုင်ရေးဆောင်ရွက်ရန် အသိပေးထားသည်။
    လက်ရှိ ကာလတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အခွန်ထမ်းဆောင်မှုအဖြစ် မြန်မာသံရုံး(ဘန်ကောက်)သို့ရုံးဖွင့်ရက်များ၌ နေ့စဉ်လာရောက် အခွန်ထမ်းဆောင်သူ ပျမ်းမျှ ၁၀၀၀ ဦးခန့်ရှိရာ အခွန်ပေးသွင်းမှု အထောက်အထား (ငွေရပြေစာ)ကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိပြီး အခွန်စတင်ကောက်ခံသည့် ၂၀၂၃ ခုနှစ် ဒီ ဇင်ဘာလ ၁၃ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်အထိ ၃၅၉၁၉ ဦး လာရောက် အခွန်ထမ်းဆောင်ထားကြောင်း သိရသည်။ 

Total Views ~ 315

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43985

© 2022 - 2025 News. All Rights Reserved.