Breaking

ထိုင်းနိုင်ငံသို့  MoU လုပ်သား ၂၀၀ကျော်ကို ပထမဆုံးအကြိမ် လေကြောင်းဖြင့်စေလွှတ်

ရန်ကုန်၊ ဧပြီ ၃၀
    အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ MoU တရားဝင်လုပ်သား စေလွှတ်မှု ပထမဆုံးအကြိမ် လေကြောင်းမှ စေလွှတ်မှုအဖြစ် ဧပြီလ ၂၉ ရက်က လုပ်သားအင်အား ၂၀၀ ကျော်ကို စေလွှတ်ခဲ့ကြောင်း အလုပ်သမား သံအရာရှိရုံးမှ သိရ သည်။
    ထိုင်းနိုင်ငံသို့ MoU မြန်မာအလုပ်သမား ၂၄၆ ဦးကို  ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်သို့ လေကြောင်းဖြင့်  စတင်စေလွှတ်ခဲ့ပြီး ယခင်ကထိုင်းနိုင်ငံသို့ သြ့ လုပ်သားစေလွှတ်ရာတွင် ကုန်းလမ်းဖြစ်သည့် မြဝတီ-မဲဆောက်နှင့် ကော့သောင်း-ရနောင်းလမ်းများမှ ကားဖြင့်သာ စေလွှတ်ခဲ့ ကာ ယခုအခါ လေကြောင်းဖြင့် ပထမဆုံး စေလွှတ်ခြင်းဖြစ်သည်။
    ယခုအကြိမ်စေလွှတ်မှုတွင် လိုင်စင်ရ အေဂျင်စီခုနစ်ခုမှ အမျိုးသားအလုပ်သမား ၁၁၆ ဦး၊ အမျိုးသမီးအလုပ်သမား ၁၃၀ တို့ကို MAI နှင့် Air Asia လေကြောင်း လိုင်းတို့ဖြင့် စေလွှတ်ခဲ့ပြီး အလုပ်သမားများကို ဒွန်မောင်းလေဆိပ်တွင် မြန်မာအလုပ်သမားသံရုံးမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဒွန် မောင်းလေဆိပ်မှ တာဝန်ရှိသူများ၊ ထိုင်းအလုပ်အကိုင်ဌာန DOE မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ ဘတ်ငါးသန်းအေဂျင်စီ၊ မြန်မာအေဂျင်စီတို့မှ လေဆိပ်တွင် လာရောက်ကြိုဆိုပေးခဲ့ကြောင်း သိရသည်။
    တာဝန်ရှိသူများက ရောက်ရှိလာ သောအလုပ်သမားများကို ဆေးစစ်မှုဆောင်ရွက်ခြင်း၊ ဗီဇာ ဆောင်ရွက်ခြင်း၊ Work Permit ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းခွင်အသိ ပညာပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်ကို သွားရောက်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Total Views ~ 378

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43922

© 2022 - 2025 News. All Rights Reserved.