၂၀၂၃ အောက်တိုဘာ ၂၄
တိုင်းတစ်ပါး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ လွမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းမှု ထိုးဖောက် ဝင်ရောက်လာသည့် တိုင်းတစ်ပါးယဉ်ကျေးမှုများကြောင့် မျိုးဆက်သစ်လူငယ်များ အတွေးအခေါ် အယူ အဆမှားပြီး လမ်းမှားပေါ် ရောက်မသွားရလေအောင် ဝိုင်းဝန်းကူညီအားထုတ်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြား လိုက်သည်။
နေပြည်တော်ရှိ MICC -2 တွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သော (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီး ချုပ်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုး တိုင်းတွင် အမျိုးသား ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ထုံးစံများ ရှိကြစမြဲဖြစ်သလို မြန်မာတိုင်းရင်းသားများတွင်လည်း မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုစရိုက်လ က္ခဏာများ ထင်ရှားခိုင်မာစွာ ရှိကြကြောင်း၊ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံး ဓလေ့များနှင့် မြန်မာမှု မြန်မာ့ဟန်စစ်စစ်များကို ရှေးမြန်မာဘိုးဘွားအစဉ်အဆက် ဖန်တီးပုံဖော် ထိန်းသိမ်းလာခဲ့ကြသည်မှာလည်း နှစ်ပေါင်း ထောင်ချီကြာခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာ့ရှေးဟောင်း မြို့ပြနိုင်ငံတွေ မှ တွေ့ရှိခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ယဉ်ကျေးမှုအမွေအနှစ် အထောက်အ ထားများ၊ စာပေအထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင်မှတ်တမ်း တွေအရ မြန်မာ လူမျိုးများဟာ ရှည်လျားသည့် သမိုင်းကြောင်း တစ်လျှောက်တွင် ဘာသာတရားဆိုင်ရာ အဆုံးအမများ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုထုံး စံဓလေ့များ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာ ရပ်များနှင့် ကိုယ်ပိုင်အမျိုးသား ယဉ် ကျေးမှုကို ခြေခြေမြစ်မြစ် ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစွာနေ ထိုင် လာခဲ့ကြသည့် လူမျိုးဖြစ်ကြောင်း ခိုင်မာစွာ တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။
ဓသတင်းအချက်အလက်နဲ့ နည်းပညာများ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာတဲ့ မျက်မှောက် ခေတ်ကာလမှာ ယဉ်ကျေးမှု တစ်သားတည်းဖြစ်ခြင်း၊ ယဉ်ကျေးမှုနှစ်ခြမ်း ကွဲခြင်းနဲ့ ယဉ်ကျေးမှုမျိုး ကွဲများ ပေါင်းစပ် ခြင်းတို့ကို နိုင်ငံအသီးသီးတို့ ကြုံတွေ့ရလျက် ရှိနေပါတယ်။ မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ် ကျေးမှုတွေ မှေးမှိန်ပျောက်ကွယ်သွားရင် နိုင်ငံနဲ့ လူမျိုးအပေါ်မှာ အထင်ကြီးလေးစားမှု လျော့နည်းသွား ပြီး အမျိုးသားရေး အားမာန်တွေ ခန်းခြောက်လာမှာလည်း ဖြစ်ပါတယ်။ အမျိုးသားရေး အားမာန် ခန်းခြောက်လာတာနဲ့အမျှ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါးလာကြမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းက မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာတွေ၊ အမျိုးသား ရေးစံနှုန်းတွေနဲ့ အမျိုးသားရေး အနှစ်သာရတွေ မှေးမှိန်တိမ်ကော ပျောက်ကွယ်သွားခြင်း မရှိရအောင်၊ အမျိုးသားရေး စိတ်ဓာတ် ခိုင်မြဲအောင် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်လျက်ရှိ တာကိုလည်း တွေ့မြင်ကြမှာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေရဲ့ ကောင်းမြတ်တဲ့ ဂုဏ်ဒြပ်နဲ့ အစဉ်အလာ အမျိုးသားစံနှုန်းတွေကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေစေဖို့ ရည်မှန်းပြီး အမျိုးသားယဉ်ကျေးမှု အမွေ အနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းတွေကို နိုင်ငံတော်က အလေးထား ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီလိုအမျိုး သားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းတွေအနက်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများ ကျင်းပခြင်းဟာလည်း တစ်မျိုးသားလုံး ပါဝင်ဆင်နွှဲကြတဲ့၊ ဆောင်ရွက်ကြတဲ့ အဆင့်အမြင့်ဆုံး အမျိုးသားရေး အားထုတ်မှုတစ်ရပ်ဖြစ်တယ်လို့လည်း ပြောကြားလိုပါတယ်။ အလွန်သိမ်မွေ့နက်နဲပြီး ကမ္ဘာ့အလယ်မှာ တစ်မူထူးခြားစွာ တည်ရှိနေတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်တွေကို ဖော်ထုတ်ထိန်း သိမ်းမြှင့်တင်ပေးခြင်းဖြင့် မျိုးဆက်သစ် လူငယ်များကြား မှာ ရိုးရာယဉ်ကျေးမှုကိုမြတ် နိုးတန်ဖိုးထားလာစေရေး၊ မိမိနိုင်ငံနဲ့ လူမျိုးရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို သိရှိနားလည်ပြီး မိမိနိုင်ငံနဲ့ လူမျိုးတွေရဲ့ ကောင်းကျိုးချမ်းသာကို မြှင့်တင်ပေးလိုတဲ့ ဇာတိသွေးဇာတိ မာန် ရှင်သန်နိုးကြား ထက်မြက်လာစေရေးတို့အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲကြီးများကို နိုင်ငံတော်က ကျင်းပပေးခဲ့တာဟာ အခုဆိုရင် ၂၄ ကြိမ်ရှိပြီ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီးတွေမှာ ပြိုင်ပွဲအမျိုးအစားများကို အရေ အတွက်အရရော၊ အရည်အသွေးအရပါတစ် နှစ်ထက်တစ်နှစ် တိုးမြှင့်စီစဉ်ပေးခဲ့ပါတယ်။ ဒါကြောင့် လည်း ပြိုင်ပွဲဝင်များရဲ့ အရည်အသွေးဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို တောက်ပြောင်လာတာနဲ့ အညီ ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်များအတိုင်း ထိရောက်အောင်မြင် မှုများရရှိတယ်လို့ ဆိုနိုင်ပါတယ်။ ယခုနှစ် (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာလည်း မိမိတို့ရဲ့ စိတ်ဆန္ဒအ လျောက် မြန်မာ့အနုပညာကို စိတ်ပါဝင်စား မြတ်နိုးသူများ တိုးပွားလာမှု၊ အားပေးမှု၊ နိုင်ငံတော်ရဲ့အားပေး ချီးမြှင့်မှု၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များက တာဝန်ရှိသူများရဲ့ ထောက် ပံ့ကူညီမှုတွေကြောင့် ယခုနှစ်ဟာ ယခင်နှစ် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကထက် ပြိုင်ပွဲဝင်ဦးရေ တိုး တက်များပြားလာတာကိုလည်း အားရကျေ နပ်ဖွယ်ရာ တွေ့ရှိရပါ တယ်။ ဒါတင်မက ပြိုင်ပွဲဝင်ဘာသာရပ်များနဲ့ ပြိုင်ပွဲဝင်အဆင့်များ ယခင်နှစ်ကထက် စုံလင်စွာ ပါဝင်ယှဉ် ပြိုင်လာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာ့အနုပညာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု သမိုင်းအစဉ်အတွက် ဂုဏ်ယူစရာမှတ် တိုင်ဖြစ်ကြောင်း လည်း ပြောကြားလိုပါတယ်။ ဒါပေမဲ့လည်း နည်းပညာတိုးတက်ပြောင်းလဲမှုတွေကို အမီပြုပြီး ထိုးဖောက်ဝင်ရောက်လာတဲ့ တိုင်းတစ်ပါးယဉ်ကျေးမှုတွေနဲ့ တိုင်းတစ်ပါးက နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးအရ လွှမ်းမိုးခြယ်လှယ်ဖို့ ကြိုးပမ်းမှုတွေဟာ ဒီနေ့ခေတ်ကာလမှာ စဉ်ဆက်မပြတ် ဖြစ်ပေါ်တာ ကိုလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။ ဒါတွေကြောင့် လူငယ်လူရွယ်တွေ အတွေးအခေါ်အယူ အဆတွေမှားပြီး လမ်းမှားပေါ် ရောက်မသွားရလေအောင် မြန်မာ့ ယဉ်ကျေးမှုကို ချစ်မြတ်တန်ဖိုး ထားတတ်စေဖို့၊ မြန်မာ့ယဉ်ကျေးမှုလမ်းကြောင်းမှန် ကို လျှောက်လှမ်းနိုင်ဖို့ အဘက်ဘက်က ဝိုင်းဝန်း ကူညီ အားထုတ်ပေးကြပါလို့ အားလုံးကိုလည်း အလေးထားမှာကြားလိုပါ တယ်"ဟု နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြော ကြားခဲ့သည်။
ထို့အပြင် မြန်မာတို့၏ ထူးခြားမြင့် မြတ်သည့် အစဉ်အလာများနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးရယ် လို့ ဝင့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိ ရပ် တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ မြဲမြံစွာဖြင့် မြန်မာ့ယဉ် ကျေးမှုကို ဆက်လက်မြှင့်တင်ထိန်းသိမ်းသွား ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး နှစ်ပေါင်း ထောင်ချီပြီး ခမ်နားထည်ဝါစွာ ဖွံ့ဖြိုးတိုးတက် စည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ကိုယ်ပိုင်အ မျိုးသား ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးစရိုက် လက္ခဏာများ ကမ္ဘာ့အလယ်တွင် တင့်တယ်စွာ ဆက်လက်ရှင်သန်စေရေးအတွက် အနုပညာ စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ပေး ကြရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက် ဝင်ရောက်လာမည့် အန္တရာယ်ကို ခုခံကာကွယ်နိုင်ဖို့ ဘိုးဘွားတို့၏ ယဉ်ကျေးမှုအမွေ အနှစ်များကို လက်ဆင့်ကမ်း ဆက်ခံမည့် မျိုးဆက်သစ်များ အမျိုးသား ရေးစိတ်ဓာတ် ကိုယ်ခံအား ပြည့်ဝခိုင်မာလာစေရန် အနုပညာစွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ပေး ကြရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ ဝင့်ထည်စွာတည်တံ့စေရေးအတွက် ဦးတည်ပြီး အမျိုးသားယဉ်ကျေး မှု အဆင့်အတန်းအစဉ်ထာဝရ မြင့်မားစေ ရန် အနုပညာစွမ်းအားဖြင့် ဖော်ထုတ်ထိန်း သိမ်းကြရန်အတွက်လည်း ပြည်သူအားလုံးနှင့် အနုပညာရှင်များ၊ လူငယ်လူရွယ်များ ကို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။