Breaking

ထီးချိုင့်မြို့ကို တပ်မတော် ပြန်လည်ထိန်းချုပ် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေ

၂၀၂၃ ၊ နိုဝင်ဘာ ၁၃
    ထီးချိုင့်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီး KIA နှင့် PDF များက ဆုတ်ခွာ ချိန်တွင် မိုင်းများထောင်သွားခဲ့သည့်အတွက် ထီးချိုင့်မြို့နှင့် အနီးပတ်ဝန်းကျင်ကို လုံခြုံရေးတပ်ဖွဲ့များ က မိုင်းရှင်းလင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
နိုဝင်ဘာ ၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့အား KIA နှင့် PDF များက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ် ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အအုံများအား မီရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက်အ ဖျက်အမှောင့်လုပ် ငန်းများကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် KIA နှင့် PDF များအား တပ်မ တော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter- Terrorism Operation) ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထီးချိုင့်မြို့အား နိုဝင်ဘာ ၁၂ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။
    KIA၊ PDF များက နိုဝင်ဘာ ၁၂ ရက် ဆုတ်ခွာချိန်တွင် ထီးချိုင့်မြို့အတွင်းရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များလုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်း ကျင်တစ်ဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိတွေ့မှုများ ဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံး၊ ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ် ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲ‌ရေး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေ ဖြင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများအား အကာအကွယ်ပြု၍ ဘန်ကာများ ဆောက်လုပ်တိုက်ခိုက်ခဲ့ခြင်း၊ အကြမ်းဖက် လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် မြို့ တွင်းရှိ အဆောက်အအုံများစွာ ပျက်စီးဆုံး ရှုံးခဲ့ရပြီး ၎င်းတို့ ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ကို နေရာအလိုက်၊ လမ်းများအလိုက် စနစ် တကျ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43872

© 2022 - 2025 News. All Rights Reserved.