ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက် PDF ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးနှင့် ကလေး(မ) ၁ ဦး ဒဏ်ရာရရှိမှု

၂၀၂၃ ၊ ဧပြီ ၁ 

ယမန်နေ့ မတ်လ ၃၁ရက် နံနက် ၁၁နာရီခွဲ အချိန် ကသာခရိုင် ကသာမြို့နယ်ပြည်သူ့ဆေးရုံသို  မိုင်းစထိမှန်ဒဏ်ရာဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ တာ၀န်ရှိသူများက  သွားရောက်စစ်ဆေးရာ ဦးသိန်းဇော်(၃၈)နှစ် အလယ်တောကျေးရွာ ထီးချိုင့်မြိုနယ်နေသူတွင် နောက်ကျောမိုင်းစထိမှန်ဒဏ်ရာ ၄ ချက်၊ ယာတံတောင်ဆစ် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၅ ချက်)(မစိုးရိမ်ရ)နှင့် ၎င်း၏သမီးဖြစ်သူ မနှင်းရတီ(၅)နှစ်တွင် ဝဲခြေဖမိုးမိုင်းစထိမှန်ဒဏ်ရာ  ၁ ချက်(မစိုးရိမ်ရ)ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ်လ ၃၀ ရက်နေ့ ညနေ ၅နာရီခွဲ အချိန် ဦးသိန်းဇော်နှင့် မနှင်းရတီတို ၂ ဦးသည် အလယ်တောကျေးရွာ၏ မြောက်ဘက်ရှိ ပဲခင်းအား သွားရောက်ကြည့်ရှုပြီး ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ကသာခရိုင် ထီးချိုင့်မြိုနယ်၏ မြောက်ဘက် ၁၂ မိုင်ခန့်အကွာ အလယ်တောကျေးရွာ၏ မြောက်ဘက် ၁ ဖာလုံခန့်အကွာအရောက်၌ လမ်း၏ဝဲဘက်ခြမ်းမှ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် မိုင်း (စိစစ်ဆဲ) ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ဒဏ်ရာများရရှိခြင်းဖြစ်ပြီး ဆိုင်ကယ်တွင် ရှေ့ဒူးကာကွဲ၊ နောက်ဘီး အဖုံးကွဲ(တန်ဖိုး ၂၅,၀၀၀ ကျပ်ခန့်)ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရှိရသဖြင့် မိုင်းထောင် ဖောက်ခွဲသူများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 257

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43364

© 2022 - 2025 News. All Rights Reserved.