ဒဂုံမြို့သစ်(တောင်ပိုင်း) အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင်ဖောက်ခွဲရန်လာရောက်သူနှစ်ဦး မိုင်းကွဲသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀
    ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံးကို မိုင်းထောင်ဖောက်ခွဲရန် လာရောက်စဉ် ယာဉ်ပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသားနှစ်ဦးသေဆုံးပြီး တစ်ဦးအား လက်လုပ်မိုင်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၇ ရက် နံနက် ၆ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၆၂)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ အမှတ်(၃၀) အခြေခံပညာမူလတန်း ကျောင်းအနီး၌ အမျိုးသားနှစ်ဦး မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ်(၇၈) ရပ်ကွက်နေ ဖိုးလပြည့် (၂၉)နှစ် (ဘ)ဦးသက်တိုးနှင့် အမှတ်(၉၄) ရပ်ကွက်နေ ပိုင်မင်းထက် အသက် (၂၀)(ဘ) ဦးတင်ဝင်းတို့နှစ်ဦးအား မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် ဆေးကုသပေးနိုင်ရေး အမှတ်(၁)တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)သို့ ပို့ဆောင်၍ ထိန်းသိမ်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
    စစ်ဆေးမှုနှင့်ပတ်သတ်၍ သတင်းထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၇ ရက် နံနက် ၄ နာရီခွဲတွင် ဖိုးလပြည့်၊ ပိုင်မင်းထက်နှင့် အောင်နိုင်ထွန်း (ခ)ကရင်တို့ သည် ငွေစိုးအသက်(၄၀) မောင်းနှင်သည့် Toyota Corolla အမျိုးအစား YGN AA-4000 နံပါတ် ပါအဖြူရောင် အငှားယာဉ်ဖြင့် အမှတ် (၉၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မိုင်းထောင်ဖောက်ခွဲရန် သွားရောက်စဉ် အဆိုပါရုံးအနီးအရောက်၌ ယာဉ်ပေါ်တွင် သယ် ဆောင်လာသည့် လက်လုပ်မိုင်းမှာ ပေါက်ကွဲခဲ့သဖြင့် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့ နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး အောင်နိုင်ထွန်း(ခ)ကရင်မှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားခဲ့ကာ ယာဉ်မောင်းဖြစ်သူ ငွေစိုးမှ ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦးအား တင်ဆောင်၍ ဆက်လက်မောင်းနှင်ကာ အမှတ်(၃၀)အခြေခံပညာ မူလတန်းကျောင်းအနီးအရောက်၌ ယာဉ်ပေါ်မှချထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့နှစ်ဦး၏ ထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်မောင်းငွေစိုးအား ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် မေယဝတီလမ်းထောင့် အနီးတွင် ငွေစိုးအား ၎င်းမောင်း နှင်သည့် အဖြူရောင်အငှားယာဉ်နှင့်အတူ တွေ့ရှိဖမ်း ဆီးရမိခဲ့သဖြင့် မော်တော်ယာဉ်အား အသေးစိတ်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။
    အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူ တရားခံသုံးဦးအနက် ဖိုးလပြည့်နှင့် ပိုင်မင်းထက်တို့မှာ ဆေးကုသမှုခံယူနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး တရားခံငွေစိုးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိသူ တရားခံ အောင်နိုင်ထွန်း(ခ)ကရင်အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။  ထူးမြတ်

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43736

© 2022 - 2025 News. All Rights Reserved.