၂၀၂၄ ၊ ဇန်နဝါရီ ၂၃
MFF Fit Futsal League (II) 2023 ပြိုင်ပွဲ (Week - 4)ပွဲစဉ်တစ်ပွဲဖြစ်သော Sun Far အသင်းနှင့် M-Million FC တို့ပွဲစဉ်မှ ဖြစ်ရပ်များအတွက် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်များအား ထုတ်ပြန်ရာ ဒိုင်လူကြီးအား ကိုယ်ထိလက်ရောက်ကျူးလွန်သည့် ဖူဆယ်လိဂ်-၂ မှ ကစားသမားနှစ်ဦးကို ရာသက်ပန် ပွဲကစားခွင့် ပိတ်ပင်လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရ သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက MFF Fit Futsal League (II) 2023 ပြိုင်ပွဲ (Week - 4) ပွဲစဉ်တစ်ပွဲဖြစ်သော Sun Far အသင်းနှင့် M-Million FC တို့ပွဲစဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်များ အား MFF Fit Futsal League (II) 2023 ပြိုင်ပွဲ (Week - 4)မှတ်တမ်းတင် Video၊ ပြိုင်ပွဲကြီးကြပ်အစီရင်ခံစာ၊ ဒိုင်လူ ကြီး၏ အစီရင်ခံစာများအား သုံးသပ်ကာအရေးယူရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ် သည်။
အရေးယူမှုဖြစ်စဉ်များမှာ M- MILLION FC အသင်းမှ ဂိုးသမားနံပါတ်(၂) ရဲသီဟဇော်သည် အဝေးမှပြေးလာ၍ ဒိုင်လူကြီးအား စောဒကတက်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်းခြင်းတို့အတွက် MFF MYANMAR FUTSAL LEAGUE 2023 LEAGUE I & II REGULATIONS စည်းကမ်းထိန်းသိမ်းမှု အပိုဒ်(၁၂)အရ MFF FUTSAL ပြိုင်ပွဲများတွင် ရာသက်ပန် ကစားခွင့်မပြုရန်နှင့် M-MILLION FC အသင်းမှ နံပါတ် (၄) ဇင်မင်းအောင်သည် ရိုင်းပြစွာ ဒိုင်လူကြီးအား ကိုယ်ထိလက်ရောက် ကျူးလွန်သည့်အတွက် MFF MYANMAR FUTSAL LEAGUE 2023 LEAGUE I & II REGULA-TIONS စည်းကမ်းထိန်းသိမ်းမူ အပိုဒ် (၁၂)အရ MFF FUTSAL ပြိုင်ပွဲများတွင် ရာသက်ပန်ကစားခွင့်မပြုရန် အရေးယူခဲ့သည်။
ထို့အပြင် M-MILLION FC အသင်းမှ ကစားသမားနံပါတ်(၁၁) ဖြိုးစည်သည် ကစားကွင်းအပြင်တွင် လဲကျနေသည့် တစ်ဖက်အသင်းသားအား ပြေးလာ၍ လေထဲတွင် ရိုင်းပြစွာ အားကုန်ကန်သည့် အပြုအမူပြုလုပ်ခြင်းသည် တစ်ဖက်ကစားသမားအား ထိခိုက်မှုမရှိသော်လည်း ပြစ်မှုကျူးလွန် ရန်ဖြစ်သဖြင့် ၎င်းအား MFF MYANMAR FUTSAL LEAGUE 2023 LEAGUE I & II REGULATIONS စည်းကမ်းထိန်းသိမ်းမူ အပိုဒ်(၄)အရ အနီးစပ်ဆုံးနှစ်ပွဲ ဝင်ရောက်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ၅၀၀၀၀ိ/ (ကျပ်ငါး သောင်း)ပေးဆောင်ရန် ချမှတ်ခဲ့ကြောင်း သိရသည်။