Breaking

ဒီဇင်ဘာလတွင် ကျင်းပမည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT)အတွက် ယခုလအတွင်း လျှောက်လွှာလက်ခံမည်

ရန်ကုန်၊ သြဂုတ် ၆
    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်း စစ်စာမေးပွဲ (JLPT) အတွက် ယခုလအတွင်း လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJ A)မှ သိရသည်။
    ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) ကို ယခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုလို သူများအနေဖြင့် Online System ဖြင့် လျှောက်လွှာလက်ခံခြင်းကို Level N1  အတွက် ၂၀၂၄ ခုနှစ် သြဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့ တွင်လည်းကောင်း၊ Level N2 အတွက် သြဂုတ် ၁၄၊ ၁၅၊ ၂၆ ရက်တို့တွင် လည်းကောင်း၊ Level N3  အတွက် သြဂုတ် ၁၆၊ ၁၉၊ ၂၇ ရက်တို့တွင် လည်းကောင်း၊ Level N4 အတွက် သြဂုတ် ၂၀၊ ၂၁၊ ၂၈ ရက်တွင်လည်းကောင်း၊ Level N5 အတွက် သြဂုတ် ၂၂၊ ၂၃ ရက်တို့တွင် ဝင်ရောက် လျှောက်ထားနိုင်ကြောင်းလည်း မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJ A)မှ သိရသည်။
    ရန်ကုန် သင်တန်းကျောင်းများ အတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး အစောင် ၁၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး မန္တလေးသင်တန်း ကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး အစောင် ၅၀ နှုန်းဖြင့် ရောင်းချသွားမည် ဖြစ်ကာ ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာများကို သြဂုတ် ၁၂ရက်၊ ၁၃ရက်နှင့် မန္တ လေးစာဖြေဌာနအတွက် လျှောက်လွှာများကို သြဂုတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ရောင်းချပေးမည်ဟု ထုတ်ပြန်ထားသည်။ ရန်ကုန် စာဖြေဌာနအတွက် လက်ခံမည့်ကာလမှာ သြဂုတ် ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၉၊ ၂၀ ရက်နှင့် မန္တလေး စာဖြေဌာနအတွက် သြဂုတ် ၁၄၊ ၁၅ ရက်တို့တွင် လျှောက်လွှာလက်ခံမည် ဖြစ်ကြောင်း သိရသည်။ 
    ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများအတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းတို့ကို Level အားလုံးအတွက် သြဂုတ် ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဆောင်ရွက်ပေးမည်ဖြစ်ကာ Online System ဖြင့် သင်တန်းကျောင်းများအတွက် ရောင်းချခြင်း၊ လက်ခံခြင်းနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်၊ (၁၀) နှစ်အောက် ဖြေဆိုသူများအတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းစသည့် တစ်မျိုးစီအတွက် သီးသန့်အသေးစိတ်ရှင်းလင်း ချက်များအား ထပ်မံကြေ ညာသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲ ကျင်းပရေးကော်မတီမှ သိရသည်။ ထူးမြတ်

Total Views ~ 307

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43819

© 2022 - 2025 News. All Rights Reserved.