Breaking

ဒီဇယ်ဆီဈေး တိုးမြင့်လာမှုကြောင့် မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခနှုန်းထားများ ပြောင်းလဲ

၂၀၂၄ ဇန်နဝါရီ ၁
    ဒီဇယ်ဆီဈေး တိုးမြင့်လာမှုကြောင့် မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခနှုန်းထားများ တိုးမြင့်ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေညာထားသည်။ ဒီဇယ်ဆီဈေးတိုးမြင့်လာမှုကြောင့် လက်ရှိဆီဈေးနှင့် လိုက်လျောညီထွေဖြစ်စေမည့် လက်မှတ် ခနှုန်းထားများကို တိုးမြှင့်ရန်လိုအပ်လာပါသဖြင့် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ နှုန်းထားအသစ်ဖြင့် ပြောင်းလဲပြင်ဆင်သတ် မှတ်လိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
    "ပြင်ဆင်ထားတာ မှန်ပါတယ်။ ဒီဇယ်ဈေးအပေါ်မူတည်ပြီး တွက်ချက်ထားတာပါ။ နဂိုဈေးနှုန်းထက် ရာခိုင်းနှုန်း ၄၀ တက်သွားတာပေါ့။ နဂိုက မော်လမြိုင်-ရန် ကုန်က ၇၀၅၀၊ အခု ၁၁၀၀၀ ပါ။ အထက်တန်းရော၊ ရိုးရိုးတန်းရော ရာခိုင်နှုန်း ၄၀ တက်ပြီး ပြင်ဆင်လိုက်တာပါ"ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိတစ်ဦးက ရှင်းပြသည်။
    လေအိတ်ရထား (အထက်တန်း) ရထားခရီးစဉ်များတွင် မော်လမြိုင်-ရန်ကုန်  ကျပ် ၁၁၀၀၀၊ မော်လမြိုင်-ပဲခူး ကျပ်၈၀၀၀၊ မော်လမြိုင်-ဝေါ ကျပ် ၇၀၀၀၊ မော်လမြိုင်မှ သိမ်ဇရပ်၊ ကျိုက္ကသာ ခရီးစဉ်များအတွက် ကျပ် ၆၀၀၀၊ မော်လမြိုင်မှ ကျိုက်ထို၊ မရမ်းကုန်း၊ တောင်စွန်းခရီးစဉ်များအတွက် ကျပ် ၅၀၀၀၊ မော်လမြိုင်-နှင်းပုလဲ ကျပ် ၄၀၀၀၊ မော်လမြိုင်မှ သိမ်ဆိပ်၊ သထုံ ခရီးစဉ်များအတွက် ကျပ် ၃၀၀၀၊ မော်လမြိုင်မှရင်းငြိမ်၊ ဇင်းကျိုက်၊ ပေါင်ခရီးစဉ်များအတွက် ကျပ် ၂၀၀၀ နှင့် မော်လမြိုင်-မုတ္တမ  ကျပ် ၁၀၀၀ တို့ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် လေအိတ်ရထား ရိုးရိုး တန်း ရထားခရီးစဉ်များတွင် မော်လမြိုင်- ရန်ကုန်ကျပ် ၆၀၀၀၊ မော်လမြိုင်မှ ပဲခူးဝေါ ခရီးစဉ်များအတွက် ကျပ် ၄၀၀၀၊ မော်လမြိုင်မှ သိမ်ဇရပ်၊ မုပ္ပလင်၊ ကျိုက္ကသာ၊ ကျိုက်ထို၊ မရမ်းကုန်း၊ တောင်စွန်း ခရီးစဉ်များအ တွက် ကျပ် ၃၀၀၀၊ မော်လမြိုင်နှင့် နှင်းပုလဲ၊ သိမ်ဆိပ်၊ သထုံခရီးစဉ်များအတွက် ကျပ် ၂၀၀၀ မော်လမြိုင်မှ ရင်းငြိမ်၊ ဇင်းကျိုက်၊ ပေါင်၊ မုတ္တမ ခရီးစဉ်များအတွက် ကျပ် ၁၀၀၀ ဟူ၍ ပြောင်းလဲပြင်ဆင်ထားသည်။
    ရိုးရိုးရထား(AAR) အထက်တန်း ခရီးစဉ်များတွင်လည်း မော်လမြိုင်-ရန်ကုန် ကျပ် ၁၀၀၀၀၊ မော်လမြိုင်-ပဲခူး ကျပ် ၈၀၀၀၊ မော်လမြိုင်-ဝေါ ကျပ် ၇၀၀၀၊ မော်လမြိုင်မှ သိမ်ဇရပ်၊ မုပ္ပလင် ကျပ် ၆၀၀၀ မော်လမြိုင်မှ ကျိုက္ကသာ၊ ကျိုက်ထို၊ မရမ်းကုန်း ကျပ် ၅၀၀၀၊ မော်လမြိုင်မှတောင်စွန်း၊ နှင်းပုလဲ ကျပ် ၄၀၀၀၊ မော်လမြိုင်မှ သိမ် ဆိပ်၊ သထုံ ကျပ် ၃၀၀၀၊ မော်လမြိုင်မှ ရင်းငြိမ်၊ ဇင်းကျိုက် ကျပ် ၂၀၀၀၊ မော်လမြိုင် မှ ပေါင်၊ မုတ္တမ ကျပ် ၁၀၀၀ အဖြစ်လည်း ကောင်း၊ ရိုးရိုးရထား(ဗဗျွ) ရိုးရိုးတန်းခရီးစဉ် တွင် မော်လမြိုင်-ရန်ကုန် ကျပ် ၅၀၀၀၊ မော် လမြိုင်မှ ပဲခူး၊ ဝေါ ကျပ် ၄၀၀၀၊ မော်လ မြိုင်မှ သိမ်ဇရပ်၊ မုပ္ပလင်၊ ကျိုက္ကသာ၊ ကျိုက်ထို၊ မရမ်းကုန်း ကျပ် ၃၀၀၀၊ မော်လ မြိုင်မှ တောင်စွန်း၊ နှင်းပုလဲ၊ သိမ်ဆိပ်၊ သထုံ ကျပ် ၂၀၀၀၊ မော်လမြိုင်မှ ရင်းငြိမ်၊ ဇင်း ကျိုက်၊ ပေါင်၊ မုတ္တမ ကျပ် ၁၀၀၀ ဟူ၍ သတ်မှတ်ထားပြီး လေအိတ်ရထားသည် ဇန် နဝါရီလအတွင်း စုံရက်များတွင် ပြေးဆွဲပေး သွားမည်ဖြစ်ပြီး ရိုးရိုးရထား ဗဗျွ သည် မရက်များအတွင်း တစ်လှည့်စီ ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေညာထားသည်။

Total Views ~ 330

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43939

© 2022 - 2025 News. All Rights Reserved.