၂၀၂၄ ၊ ဇန်နဝါရီ ၁၆ ရက်
ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP) ၏ ပါတီခေါင်းဆောင် ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်လျှောက်ထားခြင်းမှ ပယ်ဖျက်ပေးပါရန် တင်ပြလာမှုကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇန်နဝါ ရီလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံတင်ခွင့် စိစစ်ဆဲဖြစ်သည့် ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီ (DNOP)၏ ပါတီခေါင်းဆောင် ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ ပယ်ဖျက်ပေးပါရန် သက်ဆိုင်ရာပါတီကတင်ပြလာခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမှ ပယ်ဖျက်ပေးပါရန် သက်ဆိုင်ရာပါတီက တင်ပြလာခြင်း နှင့်စပ်လျဉ်း၍ ဇန်နဝါရီ ၁၅ ရက်က ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)က သဘောတူခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့ပြီး ဓနုအမျိုးသားများ အဖွဲ့ချုပ်ပါတီ (DNOP) ၏ မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းကို ပယ်ဖျက်ခဲ့ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမှ ပယ်ဖျက်ခဲ့သောပါတီမှာ ဓနုအမျိုး သားများ အဖွဲ့ချုပ်ပါတီအပါအဝင် သုံးပါတီရှိကြောင်း UEC ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုထားသော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီသော ပါတီဝင်စာရင်း တင်ပြနိုင်ခြင်း မရှိသဖြင့် ဖျက်သိမ်းရန့်နဃမှ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့ပြီး မြိုတိုင်းရင်းသား ပါတီကိုလည်း နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးပါရန် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်နှင့် အတူ တင်ပြခြင်းနှင့် စပ်လျဉ်း၍ UEC က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယင်းပါတီ ကို နိုင်ငံ ရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ပေးခဲ့သည်။
လက်ရှိတွင် မှတ်ပုံတင်ခွင့်ပြုပြီး သည့် နိုင်ငံရေးပါတီများ ၄၅ ပါတီ ရှိနေကြောင်း UEC ၏ ထုတ်ပြန်ချက်များအရ သိရသည်။