Breaking

နစကအစိုးရအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသလို တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

၂၀၂၃၊ ဒီဇင်ဘာ ၂၇
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေ ဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ် ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ 
    နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရန်အောင်(၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ် ကက်သလစ်ဘုရားကျောင်းတွင် ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားသို့ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘာသာတရား တိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်း ဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတိုင်းတွင် လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်သည့် အစိုးရတိုင်းသည် ငြိမ်းချမ်းရေးအတွက် အလေးအနက်ထား အစဉ်ကြိုးပမ်းဆောင် ရွက်ခဲ့ကြကြောင်း၊ မိမိတို့ အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ် များချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ခရစ်ယာန် ဘာသာဝင်များအနေဖြင့်လည်း မိမိတို့ နေထိုင်ရာဒေသ၊ မိမိတို့ နေထိုင်ရာနိုင်ငံတော် ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှ နည်းလမ်းများဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့် အဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် နိုင်ငံ တော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ သည်။
    ထို့အပြင် မိမိတို့နိုင်ငံတွင် ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက်နှစ် ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စား ရေရိက္ခာ ဖူလုံပေါများရေးတို့ ဖြစ်ကြောင်း၊ ဘာသာသာသနာ၏ အဓိက အဆုံးအမမှာ 'သာယာဝပြောခြင်း'ဖြစ်သည့်အတွက် ငြိမ်းချမ်းခြင်းနှင့်အတူ တိုင်းပြည်သာယာ ဝပြော ရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း ထပ်မံတိုက်တွန်းခဲ့ပြီး ဘာသာတရား အဆုံးအမများနှင့်အညီ စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ခြင်းသည် သာယာဝပြောမှုကို ရစေမည်ဖြစ်ပြီး စားရေရိက္ခာ ဖူလုံပေါများခြင်းသည်လည်း တိုင်းပြည်သာ ယာ ဝပြောခြင်းကို တိုက်ရိုက်အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတစ် ဝန်း ဘာသာပေါင်းစုံ၊ ပြည်သူအားလုံး ဘာသာတရားနှင့်အညီ ကိုယ်စီထိန်းသိမ်း ကြိုး စားလုပ်ဆောင်သွားကြရန်လိုကြောင်း နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။ 

Total Views ~ 162

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43931

© 2022 - 2025 News. All Rights Reserved.