ရန်ကုန်၊ ဇွန် ၂
မြန်မာနိုင်ငံအတွက် နယ်စပ်ကုန်သွယ်ရေးလမ်းလမ်းကြောင်း မပွင့်လျှင်လည်း ပြဿနာကြီးကြီးမားမားမရှိနိုင်ဘဲ ပင်လယ်ရေကြောင်းကုန်သွယ်ရေး စနစ်ကသာလျှင် အဆင်ပြေနိုင်ကြောင်း စီးပွားရေးလေ့လာသုံး သပ်သူ ဦးသက်ဇော်ကပြောသည်။
"နဂိုကတည်းက နယ်စပ်ကုန် သွယ်ရေးမသွားရင် Sea Trade သွားပါလို့ ပြောတာကိုး။ ပယ်လယ်ရေကြောင်း ကုန်သွယ်ရေးက သွားတဲ့စနစ်ကပဲ အဆင်ပြေမယ်။ ပြန်သုံးသပ်ကြည့်ရင် ဦးနေဝင်းလက် ထက်မှာလည်း နယ်စပ်ကုန်သွယ်ရေးဆိုတာရှိခဲ့တာ မဟုတ်ဘူး။ ဦးသိန်းစိန်လက်ထက်ကျမှ နယ်စပ်ကုန်သွယ်ရေးဆိုတာ ပီပြင်လာတာ။
ဦးသန်းရွှေလက်ထက်မှာ နည်း နည်းပါးပါး စခဲ့တာပေါ့ဗျာ။ ဒါပေမဲ့ အကြီးအကျယ်မဟုတ်ဘူး။ နယ်စပ်ကုန်သွယ်ရေးက မလုပ်ခဲ့တဲ့ကာလတွေလည်း ရှိခဲ့တာပဲ။ ဒါကြီးက မလုပ်ဖြစ်ရင်လည်း ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။ နယ်စပ်ကုန် သွယ်ရေးကို အမှီပြုပြီးစားချင်တဲ့ နဗဥျ တွေက ရှိနေတာကိုး။ တရုတ်ကြီးကလည်း ဒါကိုအခွင့်အလမ်း ဖော်ချင်တာကိုးဗျ။ ကရင်ကလည်း ထို့နည်းတူပဲ ကရင်က လည်းချောင်းနေတာကိုး။ သွားမယ်ဆို တာနဲ့ တက်လာမယ့် ကားတွေကို ဆက်ကြေး တွေကောက်ပြီ။ အဲဒါတွေက ပြည်သူတွေကို ဒုက္ခပေးတဲ့အဖွဲ့တွေပဲ။ ဆိုလိုတာက ဒုက္ခမပေးတဲ့ လမ်းကပဲသွားပေါ့။ ဒါပဲရှိတာပဲ။ နိုင်ငံတွေ တော်တော်များများ နယ်စပ်ကုန်သွယ်ရေး မလုပ်နိုင်တဲ့နိုင်ငံတွေ အများကြီး ပါပဲ။ Sea Trade နဲ့သွားနေတာ အများကြီး။ နယ်စပ်ကုန်သွယ်ရေးက မငြိမ်းချမ်းရင် အဲဒီ လမ်းကြောင်း မသုံးနဲ့ပေါ့။ ကောင်းတဲ့နေရာကပဲ သွားကြပေါ့။ ဒါပဲရှိတာပဲ"ဟု ၎င်းက ပြောသည်။
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုသည် ယခင်က မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကိုသာ အဓိက အားထားခဲ့ပြီး လက်ရှိတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်စသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြောင်းလဲအသုံးပြုနေရခြင်း ဖြစ်သည်။
အဆိုပါ အခြေအနေတစ်ရပ်ကြောင့် နယ်စပ်ကုန်သွယ်ရေး သမားများက ပင်လယ်ရေကြောင်း ကုန်သွယ်မှုစနစ်ကို ပြောင်းလဲအသုံးပြုလာနိုင်ခြေရှိကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်၊ စီးပွားရေး လေ့လာသုံးသပ်သူ ဦးရန်လင်းကျော်က သုံး သပ်ပြောဆိုသည်။
"လက်ရှိ ဖြစ်နေတာက မြဝတီလမ်းက လုံခြုံရေးမကောင်းတဲ့ အခါကျတော့ လမ်းပန်း ဆက်သွယ်ရေးက ဟိုတံတားကချိုး၊ ဒီတံတားကချိုး၊ ဟိုကဖြတ်ရ၊ ဒီကဖြတ်ရ ဖြတ်နေတဲ့ အခါကျတော့ အခုလည်းကြာ တယ်ဗျာ။ ကားတစ်စီး ရန်ကုန်ရောက်ဖို့ တော်တော်ကြာတယ်။ နယ်စပ်ကုန်သွယ်ရေး သမားတွေကတော့ လိုင်းပြောင်းရုံပဲရှိတယ်။ နယ်စပ်ကုန်သွယ် ရေးသမားတို့ဆိုတာ သူ့ပစ္စည်းမြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်သယ်ရမယ့် နည်းစနစ် ကို သူရွေးမှာပဲ။ လောလောဆယ်မှာ ပေါက် ကရ လေးဆယ်ကြံဖန်ပြီး မမှန်ကန်တဲ့ နည်း လမ်းတွေနဲ့ ပို့နေရမယ့်အစား ဒီဘက်အခြမ်း ကိုသွင်းမယ့် နည်းလမ်းတစ်ခုရောက်လာရင် သူတို့ ကြိုဆိုမှာပဲ။ ဒါပေမဲ့ တစ်ခုပဲ လက်ရှိ နယ်စပ်ကုန်သွယ်ရေး အကြီးအကျယ်လုပ်တဲ့ မြဝတီမြို့ရဲ့ စီးပွားရေးကတော့ ထိခိုက်သွားမှာပဲ။ ဒါပဲရှိတယ်။ တစ်ခါတလေကျရင် အများအတွက် အနစ်နာခံပေးသင့်ရင်လည်း ခံပေးရမှာပေါ့ဗျာ။ အရွေ့တစ်ခုမှာ အနည်းနဲ့အများတော့ သက်ရောက်မှုရှိတယ်။ သူတို့စဉ်းစားရမှာက ဘယ်သူ့အတွက်ကြည့် ပေးမှာလဲ။ နယ်စပ်ကုန်သွယ်ရေး စနစ်ကြီးကိုတော့ ရပ်ပစ်လို့ မရဘူး။ ဘယ်သူတွေအတွက် အကျိုးရှိမှာလဲဆိုတာ စဉ်းစားရမယ်။ အခု အချိန်မှာ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့က အရေးကြီးပါတယ်"ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုအနေဖြင့် ရန်ကုန်မှ ရနောင်းသို့ ကွန်တိန်နာစနစ်ဖြင့် ဇွန်လ ၂၈ ရက်မှစတင်၍ ထိုင်းနိုင်ငံသို့ ကုန်စည်များ တင်ပို့လျက်ရှိပြီး မြန်မာပို့ကုန် ပြောင်းဆန်များ၊ ရော်ဘာ၊ ရေထွက်ကုန်များကို တင်ပို့လျက်ရှိကြောင်း သိရသည်။
ရန်ကုန်-ရနောင်း ကုန်သွယ်မှု လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုများအတွက် မေလ ၂၇ရက်အထိ ကုမ္ပဏီနှစ်ခုကို လိုင်စင်နှစ်စောင် ခွင့်ပြုပေးခဲ့ပြီး သွင်းကုန်တင်သွင်းမှုအနေဖြင့် နေ့စဉ် လိုင်စင် ၁၀ စောင်နှုန်း ဖြင့် ခွင့်ပြုပေးထားကြောင်း သိရသည်။
တရားဝင်လိုင်စင် မလျှောက်ထားလျှင် တစ်ဖက်နိုင်ငံက ကုန်ပစ္စည်းလုံး၀ သွင်းလာ၍မရသည့်အတွက် Exoprt/ Import သမားများ လိုက်နာမှုအပေါ် မူတည်ကြောင်းလည်း ဦးရန်လင်းကျော်က သုံးသပ်ပြော ဆိုသည်။
အဓိက ထိုင်းဘက်က ရနောင်းကုန်သွယ်မှုစနစ်ကို ဖွင့်ပေးတယ်။ လုပ်တယ်ဆိုတာသည် မြဝတီဘက်မှာ သူ့ကုန်သည်ပေါ့ဗျာ။ အဓိက သူ့ပြည်သူပေါ့ဗျာ။ ထိုင်းက သူ့သားသမီး ဒုက္ခရောက်မယ့် အရေး၊ နစ်နာမယ့်အရေးကို ပြန်ကယ်တာဗျာ။ နှစ်ဖက်ကုန်သွယ်မှုဆိုတာ ထိုင်းနဲ့နှစ် ဦးနှစ်ဖက် ကုန်သွယ်မှု ဘာတွေရှိလဲဆိုတဲ့ အချက်အလက်ခိုင်ခိုင်မာမာ သိဖို့လိုတယ်။ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးကို ဦးတည်ပြီး ပို့တယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ ကျွန်တော်မြန်မာပြည်ကို အရင်တုန်းက ထိုင်းပစ္စည်းက ကုန်းလမ်းကသယ်တယ်။ အခုရေ လမ်းနဲ့သယ်မယ် ဒါပဲကွာသွားမှာ။ အဲဒီအပေါ်မှာ Transportation သက်သာသွားလား။ ဂျူတီတွေ ဘာအခက်အခဲရှိမလဲ။ စရိတ်ကြီးလာမှာလား။ ဈေးလျှော့ပေးလိုက်မှာလား။ ပြီးရင် မှောင်ခိုစနစ်ကိုရော ဘယ်လောက်အထိ ထိန်းချုပ်နိုင်မှာလဲ။ အဲဒီအတွက်သူတို့ ဘာတွေပြင် ဆင်ထားလဲ။ အခု သူတို့ကြေ ညာပေးလိုက်တဲ့ အထဲမှာပါတယ်။ တရားဝင်လိုင်စင် မလျှောက်ဘဲနဲ့၊ လိုင်စင်မတင်ဘဲနဲ့ ပစ္စည်းလုံးဝသွင်းလာလို့ မရဘူးလို့ပြော တယ်။ အဲဒီအမိန့်ကို လက်ရှိ Export/Import သမားတွေ အတိအကျ လိုက်နာနိုင်မလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအဖွဲ့ကရော ဘယ်လောက်အထိ၊ တရားမဝင်ကုန်စည် တိုက်ဖျက်ရေးအဖွဲ့ကရော ဘယ်လောက်အထိ ကြပ်မတ်မှုဘယ်လိုရှိမလဲ။ ဘယ်လောက်အထိ ထိန်းကျောင်းကြပ်မတ်ပေး နိုင်မလဲ။ အဲဒါဆိုရင် လမ်းဖွင့်တာ တစ်နည်းအားဖြင့် ပိုကောင်းသွားမယ်။ အခု ဟိုဘက်ကနေ သင်္ဘောနဲ့လာမယ်ဆိုရင်ကားတွေ သယ်နေသလောက်တော့ မဖြစ်ဘူး။ ကွန်တိန်နာက သင်္ဘောက အလုံးရေပြည့်မှ သူထွက်မှာလေ။ အဲဒီ Rate တွေကို စဉ်းစား ထည့်တွက်ပေးမှ အဆင်ပြေနိုင်မယ်ဟု ၎င်းကပြောသည်။
ကွန်တိန်နာဖြင့် ကုန်သွယ်ရေး လုပ်ဆောင်ရန်အတွက် ဆောင်ရွက်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း၊ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ရာတွင် ကုန်ကျစရိတ် မည်မျှကုန်ကျမည်ကို မသိရှိရသေးကြောင်း၊ မိုးရာသီတွင် ဖြစ်ပေါ်နေသည့် ကုန်သွယ်မှု နှောင့်နှေးခြင်းလည်း သက်သာ သွားနိုင်ကြောင်း Export/Import လုပ်ငန်း ရှင်များထံမှ သိရသည်။