၂၀၂၃ စက်တင်ဘာ၂၀
မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အ တွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက ပြောကြားလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း အား စက်တင်ဘာ ၁၈ ရက်တွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
တွေ့ဆုံမှုတွင် နှစ်နိုင်ငံကြားရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်ဖက်အပြန်အလှန်အ ကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ် ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှအပြု သဘော ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စတို့အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တရုတ်နိုင်ငံအာရှရေးရာ အထူး ကိုယ်စားလှယ်မစ္စတာ တိန့်ရှီးကျွင်းအား စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၁)ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေး၊ NCA သဘောတူစာချုပ်လက်မှတ် ရေးထိုးခြင်း (၈)နှစ်မြောက် အခမ်းအနားကျင်းပမည့်ကိစ္စ အပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးကဏ္ဍများ အပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။