Breaking

နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့်  တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်း

၂၀၂၃ နိုဝင်ဘာ ၂၀
    နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက် နေထိုင်သည့် တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို စိစစ်ဖော်ထုတ်ကာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောကြားခဲ့သည်။
    နယ်စပ်ဒေသများတွင် မြန်မာ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေ သူများအား စိစစ်ဖော်ထုတ်လျက်ရှိရာ  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ နို ဝင်ဘာ ၁၉ ရက်အထိ တရုတ်နိုင်ငံသား ၁၀၁၇ ဦးကို စစ်စစ်ဖော်ခဲ့ပြီးနောက် ဥပဒေ နှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
    "နိုဝင်ဘာ ၁၉ ရက်မှာတော့ နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ပြီးတော့ လွှဲ ပြောင်းပေးတာတွေ ရှိပါတယ်။ အောက်တို ဘာ ၂၃ ရက်ကနေ နိုဝင်ဘာလ ၁၉ ရက် အထိ နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင် ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုး သား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦးပေါ့။ စုစု ပေါင်း ၁၀၁၇ ဦးကို ဥပဒေနဲ့အညီ စိစစ်ပြီး တော့ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းခဲ့ပါ တယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားခဲ့သည်။
    နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ တော် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက် လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများ အနေဖြင့် နယ်စပ်ဒေသများမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီဆောင် ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန် လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
    ထို့အတူ နိုင်ငံတော်အစိုးရ အနေဖြင့် နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုး ရေးကို အထူးအလေးထား ဆောင်ရွက်လျက် ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း မိမိ တို့ဒေသအတွင်း တရားဥပဒေစိုးမိုးရေး အတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။
    "ကျွန်တော်တို့အနေနဲ့ နယ်စပ် ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး အတွက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ နဲ့အတူ ပူးပေါင်း‌ဆောင်ရွက်လျက်ရှိကြောင်း ပြောချင်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့သည်။

Total Views ~ 189

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43917

© 2022 - 2025 News. All Rights Reserved.