Breaking

နိုင်ငံခြားငွေဈေးကွက်သို့ ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ဗဟိုဘဏ် ထပ်မံရောင်းချပေး၊  ယခုနှစ်အတွင်း ဒေါ်လာရောင်းချပေးမှု  ၉၁ သန်းနီးပါးရှိလာ 

၂၀၂၄ ၊ ဖေဖော်ဝါရီ ၆
    မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံခြား ငွေကြေးဈေးကွက်သို့  အမေရိ ကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေတို့ကို နည်းလမ်းမျိုးစုံဖြင့် ထုတ်ရောင်းပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်တွင်လည်း အမေရိကန်ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ကို ဗဟိုဘဏ်မှ ထပ်မံရောင်းချပေးခဲ့သည်။
    ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၉၁ သန်းနီးပါးရှိ ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
    ဒေါ်လာရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီ ၁ ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်း ရောင်းချပေးခဲ့ပြီး ဖြစ်သည်။
    ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ  ၁၉ ရက်တွင်  ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ရက်တွင် ထိုင်းဘတ် သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက် တွက်  ထိုင်းဘတ် သန်း ၅၀၊ ဖေဖော်ဝါရီ  ၅ ရက်တွင် နှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းပေးခဲ့သည့်အတွက် ယခုနှစ်အတွင်း ထိုင်းဘတ်သန်း ၅၀၀ ရောင်းချပေးခဲ့ပြီး ဖြစ်သည်။
    ယင်းအပြင် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၂၉ရက်က  နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂သန်းနှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်းတို့ကို လူသုံးကုန်နှင့် ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်း ဆိုင်ရာကဏ္ဍများအတွက် ရောင်းချပေးခဲ့သလို ဖေဖော်ဝါ ရီ ၂ ရက်ကလည်း နိုင်ငံခြားငွေကြေးဈေး ကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အားOnline Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ငါးသန်းနှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43996

© 2022 - 2025 News. All Rights Reserved.