Breaking

နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်သူများကို တရားစွဲအရေးယူနိုင်ရေးပူးပေါင်း ဆောင်ရွက်လျက်ရှိ

၂၀၂၄ ၊ မတ် ၂၀
    နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် မဟုတ်မမှန် လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး လှုံ့ဆော်သူများကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲ အရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုး ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 
    လူမှုကွန်ရက်စာမျက်နှာများ၊ လူ မှုကွန်ရက် Group များ၊ App များ၊ Website များသည် မမှန်ဟု သိလျက်နှင့် သို့မဟုတ် မမှန်ဟု ယုံကြည်လောက်အောင်အကြောင်းရှိလျက်နှင့် မမှန်သတင်းဖြန့်ဝေခြင်း သို့မဟုတ် မမှန်သတင်းဖြန့်ရန် ကြံရွယ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း၊ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံး ငွေလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ ရှိရသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ခ) အရလည်းကောင်း၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က)အရလည်းကောင်း၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ နှင့် ၄၂ အရသော်လည်းကောင်း တရားစွဲ အရေးယူနိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
    ယင်းသို့ နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိသော်လည်း၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း ကမောက်ကမ ဖြစ်စေလိုသော မသမာသူ အဖျက်သမားများက အောက်ပါ လူမှုကွန်ရက် စာမျက်နှာများ၊ လူမှုကွန်ရက် Group များ၊ App များ၊ Website များမှတစ်ဆင့် မဟုတ်မမှန် လုပ်ကြံသတင်းများ ထုတ်ပြန်ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်လျက်ရှိကြောင်း လေ့လာတွေ့ ရှိရကြောင်း သိရသည်။
    သို့ဖြစ်ရာ နိုင်ငံခြားငွေအမှန်တ ကယ်လိုအပ်ချက်များရှိပါက အထက်ဖော်ပြပါ အထူးအစီအ စဉ်ဖြင့် နိုင်ငံခြားငွေရောင်းချပေးနေသော ငွေလဲကောင်တာများတွင် ဝယ်ယူကြပါရန်နှင့် မဟုတ်မမှန် သတင်းထုတ်လွှင့်ပြီး နိုင်ငံခြားငွေကြေး ဈေးကစားသူများ၏ ပြောကြားချက်၊ ထုတ်ပြန်ချက်များကို မယုံကြည်ကြပါရန်၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ https://www.cbm.gov.mm/ ရှိ News & Announcements တွင် နေ့စဉ် Online Trading Rate ကို ဝင်ရောက်ကြည့် ရှုနိုင်ပါကြောင်းနှင့် ဘဏ်များနှင့် တရားဝင် ငွေလဲကောင်တာများတွင်သာ နိုင်ငံခြားသုံး ငွေများကို လဲလှယ်ရောင်းဝယ်ကြရန် တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Total Views ~ 341

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43953

© 2022 - 2025 News. All Rights Reserved.