နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့်“ဝ” ၊ SSPP၊NDAA တို့တွေ့ဆုံ၍ ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စရပ်များအပါအ၀င် ရွေးကောက်ပွဲနှင့်ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်များဆွေးနွေး

နေပြည်တော် ၊ မတ် ၂၂

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စား လှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ (မတ် ၂၂)မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီအဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနငြိမ်းချမ်းရေးဖော်ဆောင်မှပြည်ထောင်စုဝန်ကြီး၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တွေ့ ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် UWSP၊ NDAA ၊ SSPP ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့အား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အစီ အစဉ်၊ အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းကြပြီး နှစ်ဖက်ညှိနှိုင်းရရှိသည့် ဆွေးနွေးပွဲအစီအစဉ်များအတိုင်း တွေ့ဆုံဆွေးနွေးပွဲကိုဆက်လက်ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိ ယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ၊ အမျိုးညသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)မှဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖနှင့်ငြိမ်း ချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ (၃) ဖွဲ့ကိုယ်စား “ဝ”ပြည်သွေးစည်းညီညွတ်ရေပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုက နှုတ်ခွန်းဆက် အမှာစကားများပြောကြားခဲ့ကြပြီးနောက် အဖွဲ့ အသီးသီး၏ လိုလားချက်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ရွေး ကောက်ပွဲကျင်းပရေးကိစ္စ၊ငြိမ်းချမ်း ရေးညီလာခံကျင်းပရေးကိစ္စနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စတို့အားအပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် နှစ်ဖက် ဆွေးနွေးချက်များအရသ ဘောတူညီချက်များ ရယူနိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲပထမနေ့ကို ရပ်နားခဲ့ကြပြီး ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ် လ ၂၃ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ သဘောတူညီချက်များ လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 284

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43356

© 2022 - 2025 News. All Rights Reserved.