နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအား ပြင်ဆင်ဖွဲ့စည်း

၂၀၂၃ စက်တင်ဘာ ၂၅
    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား  စက်တင်ဘာ ၂၅ ရက် ရက်စွဲဖြင့် ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ် ချုပ်ရေး ကောင်စီအား ပြင်ဆင်ဖွဲ့စည်း ကြောင်း အမိန့်အမှတ် ၈၅/၂၀၂၃ ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။
    ပြင်ဆင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်မှ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းမှ ဒုတိယဥက္ကဋ္ဌအဖြစ် ဆက်လက်တာ ဝန်ယူခဲ့ပြီး အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ် ချုပ်ကြီး ရဲဝင်းဦးတို့က တာဝန်ယူထားပြီး အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဦးဝဏ္ဏ မောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ ပါဝင်ကြောင်း အမိန့်ထုတ်ပြန်ချက်အရ သိရသည်။
    အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့် ထွန်းနှင့် ဒုတိယဗိုလ်ချူပ်ကြီးစိုးထွဋ်တို့အစား ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ ကို ထည့်သွင်းဖွဲ့စည်းကာ ယခင်နစကကောင်စီဝင်နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး တာဝန်များ ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်ကို စစ်ဘက်မူလတာဝန် များထမ်းဆောင်ရန် အမိန့်အမှတ် ၈၆/ ၂၀၂၃ ဖြင့် ထပ်မံထုတ်ပြန်ခဲ့သည်။

 

Total Views ~ 282

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.