Breaking

နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့၊ စစ်ပြေး စစ်သည်များ  ပြန်လည်ဆန္ဒပြုလာ

၂၀၂၃ ဒီဇင်ဘာ ၅ 
    နိုင်ငံတော်ကာကွယ်ရေးအတွက်  တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့၊ စစ်ပြေးစစ်သည်များက ပြန်လည်ဆန္ဒပြုလာကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သိရသည်။
    တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် အကြမ်းဖက်လက်နက်ကိုင်သောင်း ကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များကို ချေမှုန်းတိုက်ခိုက်လျက်ရှိရာ နိုင်ငံတော်ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင် လိုကြောင်း ခွင့်မဲ့၊ စစ်ပြေး စစ်သည်များက ဆက်သွယ် တင်ပြလာကြောင်း သိရသည်။
    ယင်းသို့ တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့၊ စစ်ပြေး စစ်သည်များက ဆက်သွယ်တင်ပြ လာမှုများအရ သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် စစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်များတွင် ပြန်လည်လက် ခံပေးသွားမည်ဖြစ်ကြောင်းနှင့် စစ်မှုထမ်း ဆောင်ရန်ဆန္ဒပြုသည့် သာမန်ပြစ်မှု ကျူးလွန်သူတပ်မတော်သားများကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

Total Views ~ 169

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43925

© 2022 - 2025 News. All Rights Reserved.