2023 ဇူလိုင် ၂၃
ဆရာတော်ကြီး(၂၆)ပါးနဲ့ လူပုဂ္ဂိုလ်(၂၀၄)ယောက်တို့ကို ဂုဏ်ထူးဆောင်ဘွဲ့တွေနဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင်လ ၂၃ ရက် ရက်စွဲနဲ့ အမိန့်ကြော်ငြာ စာထုတ်ပြန်ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်မှာ ကိန်းဝပ်စံပယ် တော်မူတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် ရေးလုပ်ငန်းတွေနဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကိုတည်ဆောက်ရာမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းတွေကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ဆရာတော်ကြီးတွေနဲ့ လူပုဂ္ဂိုလ် တွေကိုချီးမြှင့်အပ်နှင်းတာဖြစ်တယ်လို့ဒီအမိန့်ကြော်ငြာစာမှာပါရှိပါတယ်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေအနေနဲ့ သရေစည်သူဘွဲ့ကို ဆရာတော်ကြီး(၄)ပါးနဲ့ လူပုဂ္ဂိုလ်(၅)ယောက်၊ စည်သူဘွဲကို ဆရာတော်ကြီး(၂)ပါးနဲ့ လူပုဂ္ဂိုလ်(၂)ယောက်၊ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ အနေနဲ့သူရဘွဲ့ကိုတော့ လူပုဂ္ဂိုလ်(၂)ယောက်၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တွေအနေနဲ့ သီရိပျံချီဘွဲ့ကို တော့ဆရာတော်ကြီးအပါး(၂၀)နဲ့ လူပုဂ္ဂိုလ်(၃)ယောက်၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို လူပုဂ္ဂိုလ်(၂)ယောက်၊ သိပ္ပကျော်စွာဘွဲ့ကို လူပုဂ္ဂိုလ်(၄)ယောက်တို့ကိုချီးမြှင့်အပ်နှင်းတယ်လို့ပါရှိပါတယ်။

တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်အနေနဲ့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို လူပုဂ္ဂိုလ်(၂) ယောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်တွေအနေနဲ့ ရဲသူရတံဆိပ်ကို လူပုဂ္ဂိုလ် (၉)ယောက်၊ ရဲဗလတံဆိပ်ကို လူပုဂ္ဂိုလ်(၃၆)ယောက်၊ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်တွေအနေနဲ့ စီမံထူးချွန်တံဆိပ်(ပထမအဆင့်)ကို လူပုဂ္ဂိုလ်(၁၄)ယောက်၊ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)ကို လူပုဂ္ဂိုလ် (၂၈)ယောက်နဲ့ စီမံထူးချွန်တံဆိပ်(တတိယအဆင့်)ကို လူပုဂ္ဂိုလ်(၃၄)ယောက်တို့ကိုချီးမြှင့်အပ်နှင်းတယ်လို့ပါရှိ ပါတယ်။


ဒါ့အပြင် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ကိုလူပုဂ္ဂိုလ်(၃)ယောက်၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်)ကို လူပုဂ္ဂိုလ်(၆)ယောက်၊ လူမှုထူးချွန်တံဆိပ် (တတိယအဆင့်)ကို လူပုဂ္ဂိုလ်(၄)ယောက်၊စီးပွားထူးချွန်တံဆိပ်အနေနဲ့ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်)ကို လူပုဂ္ဂိုလ်(၁)ယောက်တို့ကို ချီးမြှင့်အပ်နှင်းတယ်လို့ပါရှိပါတယ်။

အဲဒီအပြင် ပညာရပ်ဆိုင်ရာထူးချွန်တံဆိပ်တွေအနေနဲ့ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်)ကို လူပုဂ္ဂိုလ်(၁) ယောက်၊ နည်းပညာထူးချွန်တံဆိပ်(ပထမအဆင့်)ကို လူပုဂ္ဂိုလ်(၅)ယောက်၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယ အဆင့်)ကို လူပုဂ္ဂိုလ်(၁၀)ယောက်နဲ့ နည်းပညာထူးချွန်တံဆိပ်(တတိယအဆင့်)ကို လူပုဂ္ဂိုလ်(၃၃)ယောက်တို့ကို ချီးမြှင့်အပ်နှင်းတယ်လို့လည်းဖော်ပြပါရှိပါတယ်။






