၂၀၂၄ ၊ မတ် ၅
ပြည်တွင်း နိုင်ငံရေး ပြန်ရှင်သန် လာစေရန်နှင့် အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာ စေရန် အားပေးဖို့လို ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
''ပြည်တွင်းမှာ နိုင်ငံရေးတွေ ပြန်ရှင်သန်လာအောင်၊ ဟောပြောပွဲတွေ ပြန်ရှင် သန်လာအောင်၊ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းလာအောင် အားပေးဖို့လိုတယ်။ အဲဒီနည်းနဲ့ နိုင်ငံတော်ကို ပြန်တည်ဆောက်ကြဖို့ နိုင်ငံတော်ရဲ့ မူရင်းပိုင်ရှင်များဖြစ်တဲ့ နိုင်ငံသားများနဲ့ နိုင်ငံတော်နဲ့ ပြန် ပေါင်းထုပ်မယ်ပေါ့။ ဘာလို့လဲဆိုတော့ နိုင်ငံသားများနဲ့ နိုင်ငံတော်နဲ့ ကွာရှင်းပြတ်စဲသလို ဖြစ်နေတာ ခေတ်အဆက်ဆက်ပဲ။ နိုင်ငံတော်တည်ဆောက်ရေးကို၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ နိုင်ငံသားများ အားလုံးကြောက်ကြောက်နဲ့ပဲ လုပ်ရမှာပဲ။ စိုးရိမ်သောကတွေနဲ့ နာမကျန်းဖြစ်နေတဲ့ ဖျားနာနေတဲ့ နိုင်ငံတော်ကို အမြန်ဆုံးပြန်ပြီးတော့ ကုသကြပါစို့လို့ တိုက်တွန်းပါတယ်"ဟု ၎င်းကပြောသည်။
နိုင်ငံတော်တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ရပ်ကို မတ်လ ၃ ရက်က လှိုင်သာယာမြို့နယ်၊ တာဝတိံသာ ပဋ္ဌာန်းကျောင်း၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့ရာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဟောပြောဆွေးနွေးရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။