၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်။
(၁)ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံခြင်း (Political System)၊
(၂)ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ခြင်း (Form of State)၊
(၃)ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (Peace and Development)၊
(၄) တရားဥပဒေစိုးမိုးရေး၊ဒေသတည်ငြိမ်ရေး၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများကျင်းပနိုင်ရေး၊ နှင့် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တိုက်ရိုက်စနစ်-လျို့ဝှက် မဲပေးစနစ်ဖြစ်ခြင်း၊ တစ်နိုင်ငံလုံး၌ တစ်ပြိုင်နက်တည်းဖြစ်ခြင်းဟူသောရွေးကောက်ပွဲစံချိန်စံညွန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး (Rule of Laws,Stability and Multi Party general election convening with free, fair,direct, secret and general)
(အဆိုပါ သဘောတူညီချက် (၄)ချက်အနက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်(၁၀)ချက်ပါ၀င်ပြီး၊ ၎င်း(၁၀)ချက်ပါ ပြင်ဆင်မည့်စာတမ်းကို
“အဆိုပြုချက် (မူကြမ်း)” များအဖြစ် ထားရှိရန် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်)
" နှစ်ဦးနှစ်ဖက်သဘောတူကြသည့်မှတ်တမ်း (၅) ရပ်၏ အနှစ်သာရများ "
(၁) PPST အဖွဲ့၀င်(၇)ဖွဲ့ပါ၀င်သော “အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့်NSPNC ၏ ကိုယ်စား လှယ်အဖွဲ့ တို့ အမြန်ဆုံး တွေ့ ဆုံနိုင်ရေး။
(၂)ပဋိပက္ခများလျော့ချရေးနှင့် ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသော စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရန်အတွက် NCA လမ်းကြောင်းအတိုင်း လုပ်ငန်းစဉ်များ နှစ်ဦးနှစ်ဖက် ချမှတ်ဆောင်ရွက်သွားရေး။
(၃) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အမျိုးသားလုပ်ငန်းစဉ် (National Ownership)ဖြစ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်း (Joint Ownership)ဖြစ်ခြင်း၊NCA လက်မှတ်ရေးထိုးထားသော EAOs အဖွဲ့များနှင့် NCA လက်မှတ်ရေးထိုးရန်အဆင့်သင့်မရှိသေးသည့် EAOs အဖွဲ့များအားလုံး ပူးပေါင်းပါ၀င်လာနိုင်ရန်နှစ်ဦးနှစ်ဖက် ကြိုးပမ်းသွားရေး။
(၄) NCA ပြဋ္ဌာန်းချက်ပါ အရပ်သားများကို အကာအကွယ်ပေးခြင်း (CivilianProtection) အပါအ၀င် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေး (Humanitarian Assistance) ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်ကြိုးပမ်းဆောင်ရွက်သွားရေး။
(၅)နှစ်ဦးနှစ်ဖက်အကြေအလည်ညှိနှိုင်းပြီး သဘောတူညီချက် ရယူသော “မူ” ကိုလက်ခံပြီး ဆက်လက်ကျင့်သုံးသွားရေး