နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ(UWSP)၊ NDAA SSPP တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် ၊ဇန်နဝါရီ ၅
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့ (NDAA)နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP) ကိုယ်စား လှယ်အဖွဲ့တို့ နေပြည်တော်တွင် ယနေ့ (ဇန်နဝါရီ ၅)ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော် မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ ငြိမ်း ချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်း ဆောင်ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနောင်၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPPမှဒုတိယ ဥက္ကဋ္ဌ(၂)စဝ်ခွန်ဆိုင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော် ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃) ဖွဲ့ကိုယ်စား UWSP ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု တို့ကနှုတ် ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အကြောင်း အရာ၊ အစီအစဉ်များကို ဦးစွာနှစ်ဖက်ညှိနှိုင်းပြီး ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်များအရ ယခုတတိယအကြိမ်၌ ဆက်လက်ဆွေး နွေးရန် ကျန်ရှိသည့်ကိစ္စရပ်များနှင့် အဖွဲ့အသီး သီး၏ နိုင်ငံရေးလိုလား ချက်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ထို့နောက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံ သော ပြည်ထောင်စုကိုတည်ဆောက်ရာတွင်ဖွဲ့စည်း ပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ အခြေခံကျ သော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များကို ဆွေး နွေးခဲ့ကြပြီးတွေ့ဆုံ ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့ကာ ဆွေး နွေးပွဲ ဒုတိယနေ့ကို ဇန်နဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 203

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43065

© 2022 - 2025 News. All Rights Reserved.