၂၀၂၃ မေလ ၂၅
နိုင်ငံတွင်းမှာ ကိုဗစ်ဖြစ်ပွားမှုတွေ ဆက်ရှိနေသေးပြီး ရောဂါပိုးတွေ့ရှိတဲ့အတည်ပြုလူနာပေါင်း ၆၇၉ဦး စစ်ဆေးတွေ့ရှိထားတယ်လို့ ကျန်းမာရေးသတင်းထုတ်ပြန်မှုတွေအရသိရပါတယ်။
မေ ၁၈ ရက်မှ ၂၄ရက်အထိ COVID-19 အတည်ပြုလူနာ ၆၇၉ ဦးတွေ့ရှိကာ ပြည်ပပြန်လာသူတွေ နဲ့ ပြည်တွင်းကူးစက်မှု ၂ခုစလုံးကနေ ရောဂါကူးစက်တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူများ၊အသွားအလာကန့်သတ်ထားရှိ သူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးရာ မေ ၁၈ ရက်တွင်ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁၃ ဦး၊ မေ ၁၉ ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂၀ ဦး၊ မေ ၂၀ ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၉ ဦး၊ မေ ၂၁ ရက်တွင် ၈၀ ဦး၊ မေ ၂၂ ရက်တွင် ၈၂ ဦး၊မေ ၂၃ ရက်တွင် ၁၀၄ ဦး၊ မေ ၂၄ရက်တွင် ၈၁ဦး စသဖြင့် တစ်ပတ်အတွင်းအတည်ပြုလူနာသစ် ၇၀၀နီးပါးတွေ့ရှိထားကြောင်းသိရပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားတဲ့၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်ကာ ယ နေ့ အထိ ဓာတ်ခွဲနမူနာ ၁၀,၅၉၆,၁၉၅ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၆၃၈,၃၀၁ ဦး ရှိကြောင်း၊ ပြန်လည်ကောင်းမွန် လာသူ ၆၁၇,၂၆၄ ဦးရှိကြောင်း၊ သေဆုံးသူ ၁၉,၄၉၄ ဦးရှိကြောင်း ကျန်းမာရေးသတင်း ထုတ်ပြန်ထားချက်များအရသိရပါတယ်။