၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၁
နိုင်ငံနှင့် ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ခမီအမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီအတွင်းရေးမှူး ဦးသန်းဌေးက ပြောသည်။
"ကျွန်တော်တို့က နိုင်ငံရဲ့ရေးရာကိစ္စတွေကို ဦးစားပေးရမယ်။ ကိုယ်ကပါတီဆိုပေမယ့် ပါတီနဲ့နိုင်ငံရေးရာကိစ္စနဲ့ ယှဉ်လာလို့ရှိရင်တော့ နိုင်ငံရေးရာကိစ္စကိုပဲ ဦးစားပေးရမှာပါ။ အဲဒါတွေလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသွားပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ ဒါတွေက သဘာဝကျပါတယ်။ အမှန်ကတော့ ဒါကိုလက်ခံတယ်။ နိုင်ငံရေးရာကိစ္စတွေကိုပဲ ဦးစားပေးရမှာပေါ့။ ပါတီအတွက်က နောက်မှပါ"ဟု ဦး သန်းဌေးက ပြောသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မှတ်ပုံတင် ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေပြည် တော်တွင် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ ပါတီ၏ မူဝါဒများကို ပြည်သူအများက လက်ခံလာအောင်၊ ပါတီဝင်များ ဖြစ်လာအောင် လုပ်ဆောင်ခြင်း ဖြစ်ပြီး ပါတီနိုင်ငံရေးမှတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ရ ခြင်းဖြစ်ကြောင်း၊ နိုင်ငံ့အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့် ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်လိုပြီး နိုင်ငံသည်သာလျှင် အဓိက အရေးအကြီးဆုံးဖြစ်ကြောင်း နိုင်ငံတော်ဝန် ကြီးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။
ယင်း ပြောကြားချက်နှင့် ပတ် သက်၍ ဦးသန်းဌေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအရာ ကိစ္စဆိုသည့်နေရာတွင် ဒို့တာဝန်အရေးသုံးပါးကို ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ကာ နိုင်ငံအရေးများကို ပူးပေါင်းဆောင်ရွက်သွားဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
"လက်ရှိ ထင်ရှားတာကတော့ အားလုံးပြောနေကျ စကားပေါ့။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒီအရေးတွေ အဓိကဦးစား ပေးရမှာပါ။ ပါတီအရေးကလည်း ကိုယ့်ပါတီ ရေးရာ ကိစ္စတွေကတော့ ပါတီတိုင်းမှာ သူ့မူ နဲ့သူရှိပါတယ်။ ကျွန်တော်တို့ ပါတီဆိုလည်း ကျွန်တော်တို့ ပါတီမူဝါဒရှိပါတယ်။ အဲဒါတွေက ပါတီတိုင်းမှာ သူ့မူဝါဒနဲ့သူ ရှိပါတယ်။ ဒါပေမယ့် တကယ့်တကယ့် နိုင်ငံရေးရာနဲ့ ပတ်သက်ရင်တော့ နိုင်ငံရေးရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရမယ့် သဘောပါ"ဟု ဦးသန်းဌေးက ပြောသည်။