နိုင်ငံရေးစင်မြင့်ပေါ် ပါ၀င်တက်လှမ်းနိုင်ရေး KNDPပါတီ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ၀င်မည်

၂၀၂၃ ၊ မတ်လ ၁၇

နိုင်ငံရေးစင်မြင့်ပေါ်တွင် ကရင်တိုင်းရင်းသားများ ပါ၀င်တက်လှမ်းနိုင်ရေးအတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)အနေဖြင့် ပါတီမှတ် ပုံတင်ကာရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ ကရင်တိုင်းရင်းသားတွေ အနေနဲ့ နိုင်ငံရေးပါတီ တစ်ခုပေါ့၊နှစ်ခု သုံးခု ရှိရင်လည်း ရှိပေါ့။အဲလို ရှိသင့်တယ်။ နိုင်ငံရေး စင်မြင့် ၊နိုင်ငံရေး ပလက်ဖောင်းမှာ သူတို့ စကားပြောနိုင်ဖို့ အတွက် ပါတီရှိသင့်တယ်ဆိုတဲ့ အပေါ်မှာ အခု ပါတီမှတ်ပုံပြန်လည်တင်ရမှုမှာ ကျွန်တော်တို့ကတော့ မှတ်ပုံပြန်တင်မယ်ဆိုပြီး ဆုံးဖြတ်ပြီးပြီ။တင်တော့ မတင်ရသေးဘူး။ရန်ပုံငွေတို့ ပြန်လည်ဖွဲ့စည်းဖို့တို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြန်တင်မယ်။ ပြန်တင်မယ်ဆိုတာက ခုနပြောတဲ့ ခံယူချက်နဲ့ပေါ့။နိုင်ငံရေး ပလက်ဖောင်းမှာ နိုင်ငံရေး စင်မြင့်ပေါ်မှာ ကျွန်တော်တို့ တိုင်းရင်းသားကရင်တွေ ပြောနိုင်ဆိုနိုင်ဖို့အတွက် ကျွန်တော်တို့ ပါတီထောင်ခြင်း ဖြစ်တယ်။ဘယ်သူ့ကို မကြိုက်ဘူး၊ ဘယ်သူ့ကို ကြိုက်တယ်။ဘယ်သူ့ကို တော့ ဖေးမတယ်၊ ဘယ်သူ့ကိုတော့ ထောက်ခံတယ်ဆိုတာမျိုး မဟုတ်ဘူး။ ဘယ်အစိုးရပဲ တက်တက် ပါတီကတော့ တိုင်းရင်းသားတွေအတွက် ရှိသင့်တယ်ဆိုတဲ့ ခံယူချက်ပေါ့။ ရှိသင့်တယ်ဆိုတဲ့ အနေအထားအပေါ်မှာ ခံယူပြီးတော့ ပါတီကို ပြန်လည် မှတ်ပုံ တင်ခြင်း ဖြစ်တယ်။ ပါတီ‌ ထောင်မယ်ဆိုရင် သက် ဆိုင်ရာ UEC မှာတော့ မှတ်ပုံတင်ရမှာပါ" ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည့်စိုးက ပြောသည်။

လက်ရှိ KNDPပါတီ အမည်ဖြင့်သာ ပါတီ မှတ်ပုံတင်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ရန်အတွက် ကန့်သတ်သတ်မှတ်ထားသည့် မတ်လ ၂၈ ရက်နေ့ မတိုင်မီ ပါတီမှတ်ပုံတင်သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။သို့သော် ပါတီမှတ်ပုံတင်ရာတွင် ပြည် ထောင်စုတစ်၀န်းလုံအတိုင်းအတာ ဖြင့် မဟုတ်ဘဲ ကရင်ပြည်နယ်မှ ပြည်နယ်အဆင့် ရွေး ကောက်ပွဲ၀င်ရန် မှတ်ပုံတင်မည်ဟု မန်းအောင်ပြည့်စိုးက ပြောသည်။

KNDPပါတီသည် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကရင် ပြည်နယ် သံတောင်ကြီးမြို့နယ်မှလွဲ၍ မြို့ နယ် ၆မြို့နယ်တွင် ကိုယ်စားလှယ်ပေါင်း ၃၀ ၀န်းကျင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Total Views ~ 340

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43344

© 2022 - 2025 News. All Rights Reserved.