၂၀၂၄ ၊ မတ် ၂၀
နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ် ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားကြရန် မဖြစ်မနေ လိုအပ်သည့်အချိန်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ နှစ် (၅၀) ပြည့ ်ရွှေရတုမွန်ပြည်နယ်နေ့အခမ်း အနားသို့ ပေးပို့ သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြား ခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အား စုများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်း လက်တွဲဆောင်ရွက်ကြရမည့်အစား ကွဲပြားနေသော နိုင်ငံရေးအင်အားစုတို့၏ ငါတကောကောမှုများ၊ ဖဲ့ထုတ်စည်းရုံးမှုများ သည် နိုင်ငံအကျိုးနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် မြော်မြင်မှုကင်းမဲ့စွာဖြင့် နိုင်ငံကို ထိခိုက်နစ်နာစေသည့် လုပ်ဆောင်မှုများသာဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီ မျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံအဖြစ်သို့ စတင်လျှောက်လှမ်းနေချိန်ဖြစ်ကြောင်း ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံး အနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းတို့သည် မရှိမဖြစ်လို အပ်ကြောင်း ဖော်ပြထားသည်။ ဆက်လက်၍ လက်နက်ကိုင်ပဋိ ပက္ခများ၊ နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများ၊ အာဏာထူထောင်လိုမှုများ၊ သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှုလျော့နည်း လာ မှုများ၊ နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အား နည်းမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို ပျက်စီးအောင် ဖျက်ဆီးနေမှုများကြောင့် နိုင်ငံနှင့်ပြည်သူများ သည် တည်ငြိမ် အေးချမ်းမှု ကင်းမဲ့ကာ ဆင်းရဲဒုက္ခများ ကြုံတွေ့နေကြရသည်ကို သတိထားရှုမြင်သုံးသပ်ဆင်ခြင်ကြရမည့်အချိန် ကျရောက်နေပြီ ဖြစ်သည်ဟု ရေးသားပြောကြားထားသည်။
ထို့အပြင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြပြီး ခြံကြီးထဲတွင် ခြံငယ်ခတ်ရန်၊ လှေကြီးပေါ်တွင် လှေငယ်တင်ရန်၊ ပြည် ထောင်စုကြီးပြိုကွဲပျက်စီးစေရန် ပိုမိုအား ထုတ်လျက်ရှိနေကြသည်ကို သတိတရားဖြင့် ကာကွယ်ထိန်း သိမ်းကြရန် လိုအပ်သည်ဟု ထည့်သွင်းပြောဆိုထားသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲ မသမာမှုများကြောင့် ဖြစ်ခဲ့ရသည့် နိုင်ငံရေး အပြောင်းအလဲအပြီးတွင် အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာထားသော NUG လက်အောက်ခံ PDF အကြမ်း ဖက်အဖွဲ့နှင့် အခြားဒေသအလိုက် ကာကွယ်ရေးအဖွဲ့အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အုပ်စုအမျိုးမျိုးတို့ ပေါ်ပေါက်လာခဲ့သလို တစ်ဖက်တွင်လည်း နိုင်ငံရေးမပြေလည်မှုများကြောင့် လက်နက်ကိုင်လမ်း ကြောင်းသို့ ရောက်ရှိနေသည့် အဖွဲ့အစည်းများအနေဖြင့် အစဉ်သဖြင့် ဖွင့်လှစ်ပေးထားသည့် တွေ့ဆုံဆွေးနွေးရေးများဖြင့် (NCA) လမ်းကြောင်းမှ တစ်ဆင့် နိုင်ငံတော်ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် အဖြေရှာကြရန် လိုအပ်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ဆက်လက်၍နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးဟူသော ဒို့တာဝန်အရေး (၃)ပါး ကို ဦးထိပ်ထားလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း အသိပေး ပြောဆိုထားသည်။