နေပြည်တော် သုခဝတီပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ပြည်သူများ၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အိမ်ခန်းများ ငှားရမ်းပေးမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်

၂၀၂၃ မေ ၉

နေပြည်တော်တွင် ပြည်သူများ၊ လက်ရှိဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအတွက် အိမ်ခန်းများ ငှားရမ်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် သုခဝတီပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ပြည်သူများ၊ လက်ရှိဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား ငှားရမ်းပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ငှားရမ်းလိုသူများအနေဖြင့် မေ ၄ ရက်မှ မေ ၁၉ ရက်အထိ လျှောက်လွှာများရောင်းချပေးမည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို မေ ၁၀ ရက်မှ မေ ၂၆ ရက်အထိ လက်ခံပေးမည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို နေပြည်တော်ရုံးအမှတ် ၄၀ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမြေနှင့် အိမ်ရာဌာနခွဲတွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး ယင်းဌာနတွင်ပင် လျှောက်လွှာများကို တင်သွင်းရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် လပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာများတွင် အိမ်ခန်းများလျှောက်ထားနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းအိမ်ရာတွင်လည်း ပြည်သူများ၊ လက်ရှိဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား ငှားရမ်းပေးမည်ဖြစ်သည်။

အဆိုပါအိမ်ရာများကိုမူ မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးတွင် လျှောက်လွှာများဝယ်ယူရမည်ဖြစ်ပြီး ယင်းဌာနမှာပင် လျှောက်လွှာများ တင်သွင်းရမည်ဖြစ်သည်။

Total Views ~ 267

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43455

© 2022 - 2025 News. All Rights Reserved.