၂၀၂၃ ဩဂုတ် ၁၅
နေပြည်တော်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး ဩဂုတ် ၁၇ ရက်နေ့မှစတင်ကာ လူကြီးနဲ့ ကလေးတစ်ဦးကိုကျပ် ၁၀၀၀ ကောက်ခံသွားမယ်လို့ကနဦး သတင်းများအရသိရပါတယ်။
အခုလက်ရှိမှာတော့ ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစပြီး ဩဂုတ် ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပြုထားတာပါ။
ဩဂုတ် ၁၇ ရက်နေ့ကစပြီးတော့ လူကြီး တစ်ဦး ကျပ် ၁၀၀၀၊ ကလေး တစ်ဦး (ရင်ခွင်ပိုက်မပါ) ကျပ် ၁၀၀၀၊ နိုင်ငံခြားတစ်ဦးကို အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ၊ အပျော်ရိုက် ကင်မရာ (ဖုန်း/ ကင်မရာ) ကျပ် ၅၀၀၀၊ အလှဓာတ်ပုံရိုက် / Video (Pre Wedding) အပါ ကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး နာရီဝက်ကျော်ပါက ကျပ် ၅၀၀၀ ထပ်ပေးရပါမယ်။
ယာဉ်ဝင်ခကို တစ်စီး (ကားပါကင်ပါ) ကျပ် နှစ်သောင်းနဲ့ Buggy (၁)စီးကို (၄ယောက်စီး) ၁ နာရီ ကျပ် ၁၀၀၀၀ ကောက်ခံသွားမယ်လို့သိရပါတယ်။
