နေပြည်တော်ကောင်စီနယ်မြေကဲ့သို့ မိတ္ထီလာဒေသကို စံပြနေရာတစ်ခုအဖြစ် ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂
    နေပြည်တော် ကောင်စီနယ်မြေကဲ့သို့ မိတ္ထီလာဒေသကိုလည်း စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
    မိတ္ထီလာခရိုင်အတွင်းရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား စက်တင်ဘာ ၂၉ ရက်က မိတ္ထီလာမြို့ရှိကန်တော် မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုး တက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် နစက ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့သည်။
    နစကဥက္ကဋ္ဌက မိတ္ထီလာခရိုင်သည် ဗဟိုအချက်အချာကျပြီး အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆုံသည့် နေရာတွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်၍ အချက်အချာကျသည့် လမ်းဆုံမြို့တစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် မိတ္ထီလာဒေသ၏ အကျယ်အဝန်းနှင့် နေပြည်တော်ကောင်စီနယ် မြေ၏ အကျယ်အဝန်းမှာ ကွာဟမှုအနည်း ငယ်သာရှိသကဲ့သို့ လူဦးရေအနေဖြင့်လည်း မိတ္ထီလာတွင် ကိုးသိန်းကျော်ခန့်ရှိပြီး နေပြည်တော်တွင် တစ်သန်းကျော်ခန့်ရှိကြောင်း နေပြည်တော်ကောင်စီနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ မိတ္ထီလာဒေသကိုလည်း စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် မိတ္ထီလာသည်တည်နေရာ အနေအထားအရ နိုင်ငံ၏အလယ်ပိုင်း၌ ရှိသည့်အပြင် ကုန်သွယ်မှုတွင် ဗဟိုကျပြီး အချက်အချာကျသည့် မြို့တစ်မြို့ဖြစ် သကဲ့သို့ ပညာရေးနှင့် ပတ်သက်၍လည်း တက္ကသိုလ်၊ ကောလိပ်များ ပြည့်စုံစွာတည်ရှိသည့် ခရိုင်တစ်ခုဖြစ်ကြောင်း၊ သွားလာမှုနှင့် ပတ်သက်၍လည်း အဆင်ပြေလွယ်ကူသည့် မြေအနေအထားကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မိတ္ထီလာဒေသ၏ အခြေခံကောင်းများကို အကျိုးရှိရှိအသုံး ချ၍ ဖွံ့ဖြိုးတိုးတက်သည့် စံပြဒေသတစ်ခုဖြစ်စေရေး အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။ နဒီ

Total Views ~ 159

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43741

© 2022 - 2025 News. All Rights Reserved.