Breaking

နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ကိုရီးယားနိုင်ငံမှ Kpop အဆိုရှင်များနှင့် ပြည်တွင်း အနုပညာရှင်များအား ဖိတ်ခေါ်ထား

၂၀၂၄ ၊ မတ် ၂၀
    ၂၀၂၄ ခုနှစ်  မြန်မာ့ရိုးရာအတာ သင်္ကြန်ပွဲတော်ကာလ နေပြည်တော်လမ်း လျှောက်သင်္ကြန်ပွဲတော်တွင်  ကိုရီးယားနိုင်ငံမှ Kpop အဆိုရှင်များနှင့် ပြည်တွင်းနာမည်ကြီးအနုပညာရှင်များအား ဖိတ်ခေါ် ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရ သည်။
    ပြန်ကြားရေးဝန်ကြီးဌာန အဆိုအရ နေပြည်တော်ကောင်စီနယ်မြေတွင် လမ်းလျှောက်သင်္ကြန်ကို ရိုးရာပွဲတော်တစ်ခုအဖြစ် ပြည်သူများနှင့် ဝန်ထမ်းများ ပျော်ရွှင်စွာပါ ဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပျော်ရွှင်စွာဖြင့် အားလုံးပါဝင်ဆင်နွှဲနိုင်သည့်  သင်္ကြန်ပွဲတော်တစ်ခုဖြစ် စေရန် ဆောင်ရွက်မည်ဟုဆိုသည်။
    ယခု ၂၀၂၄ ခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်အား စည်ကားသိုက်မြိုက်စေရန် ကိုရီးယားကုမ္ပဏီများနှင့်ပူးပေါင်း၍ ကိုရီးယားမှ Kpop အဆိုရှင်များနှင့် နာမည်ကြီးအနုပညာရှင်များပါဖိတ်ခေါ်ထားသကဲ့သို့ မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြားသည့် အနုပညာရှင်များကိုလည်း ပါဝင်ဆင် နွှဲနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
    ယခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် တိုင်းရင်းသား သင်္ကြန်၊ စတုဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန်နှင့် လူငယ်သင်္ကြန် စသည်ဖြင့် ဇုန်လေးခု ထည့်သွင်းကျင်းပနိုင်ရေးလည်း စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
    ထို့ကြောင့် ပွဲတော်ရက် နီးကပ်လာပြီဖြစ်သောကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မတ် ၁၅ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနစု ဝေးခန်းမ၌ ကျင်းပခဲ့ပြီး လမ်းလျှောက်သင်္ကြန်တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် မဏ္ဍပ်များတည်ဆောက်ရေး၊ ရေရရှိရေး၊ ဖျော်ဖြေရေးလုပ်ငန်းများ အပါအဝင် အခြားဆက်စပ်ကဏ္ဍ များအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    ယမန်နှစ်နေပြည်တော်လမ်း လျှောက်သင်္ကြန်အား ဇဗ္ဗူသီရိမြို့နယ်၊ ပျဉ်မနား-တောင်ညိုလမ်းမကြီးပေါ် စည်ပင်ဧည့် ရိပ်သာမီးပွိုင့်မှစကာ နေပြည်တော်မြို့တော်ခန်းမတစ်လျှောက် ကျင်းပခဲ့သည်။

Total Views ~ 197

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43965

© 2022 - 2025 News. All Rights Reserved.