Breaking

နေရောင်ခြည်စွမ်းအင်မှ ဓာတ်အားထုတ်လုပ်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အမြန်ဆုံး ရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား

နေပြည်တော်၊ ဇွန် ၂၆ 
    နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများမှတစ်ဆင့် အမြန်ဆုံး ရရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။  
    "ပြည်တွင်းကထုတ်လုပ်ထားတဲ့ ဆိုလာပြားတွေက  ပြည်ပကနေတင်သွင်းတဲ့ ဆိုလာပြားတွေနဲ့ တန်းတူအရည်အသွေးရရှိအောင် ဆောင်ရွက်ဖို့လိုတယ်။  ပြောင်းလဲတိုးတက်လာတဲ့ ဆိုလာထုတ်လုပ်ခြင်း နည်းပညာတွေကိုလည်း မျက်ခြည်မပြတ် လေ့လာပြီး အဆင့်မြှင့်တင် ဆောင်ရွက် သွားဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ရာသီဥတု သာယာကောင်းမွန်ပြီး နေသာတဲ့ ရက်များပြားတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် နေ ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်းလုပ်ငန်းတွေကို အားပေး ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ တိုးတက်စေရေး ကျွန်တော့်အနေနဲ့ ၂၀၂၂ ခုနှစ်မှာ စတင်ပြောကြားခဲ့တယ်။ နိုင်ငံအတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ် အားတွေကို နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းတွေက တစ်ဆင့် အမြန်ဆုံးရရှိနိုင်မှာ ဖြစ်တယ်။ ဆိုလာပြား ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ကုန် ကြမ်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်သွားနိုင်ရေး ဆောင်ရွက်ဖို့လိုတယ်။ ဥပမာအားဖြင့် ဆီလီကွန်လို ကုန်ကြမ်းတွေ လိုအပ်တာဖြစ် လို့ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ နည်းလမ်းရှာဖွေ ဆောင်ရွက်သွားကြဖို့လိုတယ်။ ပြည်တွင်းမှာ ဆိုလာ ပြားတွေကို  လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရင် ပြည်တွင်းလျှပ် စစ်ဓာတ်အားလိုအပ်ချက်တွေကို အများကြီး ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ်။ ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်လို့ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်နိုင်တာကြောင့် အားပေးဆောင်ရွက်ရမယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောသည်။ 
    မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြည်ပမှလောင်စာဆီများကို တင်သွင်းနေရခြင်းကြောင့် နိုင်ငံတွင်းရှိ ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်သွားနိုင်ရန် လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 
    "လျှပ်စစ်ဓာတ်အားဖူလုံပေါများရင် လူမှုစီးပွားဘဝတွေလည်း ပိုမိုဖွံ့ဖြိုးတိုး တက်လာမှာဖြစ်တယ်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်က ရေအားလျှပ်စစ်ဓာတ်အားထုတ် လုပ်မှုစီမံကိန်းတွေက အချိန်ရယူ တည်ဆောက်ရတယ်။ ငွေကြေးအများကြီး သုံးစွဲရတယ်။ တည်ဆောက်ချိန် တိုတောင်းတဲ့  နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို ကိုယ်ပိုင် တစ်ပိုင်တစ်နိုင် သုံးစွဲနိုင်ခြင်းကနေ လုပ်ငန်းများ၊ စက်ရုံများလည်ပတ်နိုင်တဲ့အထိ ဆောင်ရွက်သွားကြဖို့လိုတယ်"ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြား သည်။ 
    ဇွန် ၂၁ ရက်က  ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။ 
    နေရောင်ခြည် စွမ်းအင်သုံးလျှပ် စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက် ရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း Small Scale (အိမ်သုံး)မှ Large Scale (စက်ရုံသုံး)အထိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဆိုလာပြား ထုတ်လုပ်မှုတိုးတက်ရေးနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့က ပူးပေါင်း၍ဆောင်ရွက် သွားရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားခဲ့သည်။ 
    မြန်မာနိုင်ငံအနေဖြင့် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၃၀၀ ကျော်ခန့်သည် အလင်းနှင့် နေရောင်ခြည်ကိုရရှိခြင်းကြောင့်  စက်ရုံ၊ အလုပ်ရုံများ၌ ဆိုလာလျှပ်စစ် ဓာတ်အားများ အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှုစရိတ်ကို များစွာလျှော့ချနိုင်ခြင်းကြောင့် အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45839

© 2022 - 2025 News. All Rights Reserved.